Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 22, 2013

တက်တူး ထိုးထားတဲ့ မိန်းကလေးတွေ မြင်ရင် ပိုလှတယ်လို့ ခံစားရတဲ့ သင်ဇာဝင့်ကျော်

သင်ဇာက တက်တူး ထိုးရတာ ကိုကြိုက်တယ်။ ကိုယ်က တက်တူး ထိုးရတာကို ကြိုက်တဲ့ သူမို့လို့လား မသိဘူး။ သူများ ထိုးထား တာမြင်ရင် လည်းကြိုက်တယ်။ ကိုယ့်ဘာသာ ကိုယ်လည်းကြည့်ပြီး ကြိုက်တယ်။ ဆယ်တန်းပြီးလောက် ကတည်းက အိမ်ကတက်တူး ထိုးဖို့ခွင့် မပြုတော့ တက်တူး စတစ်ကာတွေကို ကပ်ဖြစ် တယ်။ ကိုယ်တက်တူး ထိုးထားတာ ကိုကြည့်ပြီး ကြိုက်သလိုမြင်ကြပါ စေ။ ဒါက ကိုယ့် Personal လေ။
ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ကြိုက်သ လိုလုပ်မှာပဲ။ လူ့ဘဝဆိုတာ တိုတို လေး။ ကိုယ်ဖြစ် ချင်တာ၊ ကိုယ်လုပ် ချင်တာကိုလုပ်ပြီး ပျော်အောင်အေး ဆေးနေမယ်။ လူတွေ ပုတ်ခတ်တာ၊ ပြောဆိုတာ၊ ဝေဖန်တာကို အမြဲနား ထောင်နေမယ်ဆို ခေါင်းကိုက်လို့ သေရင်တောင်သေ သွားမယ်။ ဒီ တက်တူး ထိုးတာကို ဘယ်လိုပဲလာ ပြောပါစေ။ ကောင်းတာပဲပြော ပြော၊ မကောင်းတာပဲပြောပြော အ ပြောခံဖို့ အသင့်ပဲ။ ကိုယ်ကထိုးပြီး သားလည်းဖြစ်တယ်။ ကြိုက်လည်း ကြိုက်နေတာကိုး။ တက်တူးထိုးရင် နာတယ်လို့ သင်ဇာမထင်ဘူး။ အဲဒီ ဟာကို Feel လို့ထင်တယ်။ အဲဒီ လောက်ကြီး လည်းမနာပါဘူး။ တက် တူးထိုးရင် ငါလှသွားမယ်ဆိုတဲ့စိတ် ထည့်ပြီးထိုး အဲဒါဆိုအဆင်ပြေတယ်။
အခုချိန်ထိ သင်ဇာထိုးထား တဲ့တက်တူးတွေကို ရိုးတာမရှိဘူး။ မကြိုက်တော့တာမရှိဘူး။ သင်ဇာ မရိုးသေးဘူး။ ကြိုက်တုန်းပဲ။ တက် တူးအရုပ်အကြီးကြီး တစ်ပုံထိုးရတာ ထက်၊ သေးသေးလေးတွေအများ ကြီးထိုးရတာကို ပိုကြိုက်တယ်။ နောက်ထပ် တက်တူးထိုးဖို့အစီအ စဉ်ရှိတယ်။ ဘယ်နေရာမှာ ထိုးရ မယ်မသိသေးဘူး။ နေရာသေချာ ရွေးပြီး ပုံသေချာရွေးပြီးမှပဲထိုး တယ်။ အခုတက်တူး ထိုးကြတာ တစ်ခါသုံး အပ်တွေပဲ ဆိုတော့ သိပ် စိုးရိမ်စရာလည်း မရှိပါဘူး။ ဆေး တွေလည်း ကောင်းတယ်၊ ကိုယ်က လည်းကျန်းမာနေတဲ့ လူတစ်ယောက် ဆိုတော့ ဘာမှစိတ်ပူ စရာကိစ္စ တော့မဟုတ်ပါဘူး။ တက်တူးထိုး ထားတဲ့မိန်းကလေးတွေ ကိုမြင်ရင် ပိုလှတယ်လို့ ခံစားရတယ်။ တက် တူးမထိုးထားတဲ့ မိန်းကလေးတွေက ရိုးရိုးရှင်းရှင်းလှရင် လှနေမယ်။ တက် တူးထိုးထားတဲ့ မိန်းကလေးတွေက ပိုပြီးလှနေတယ်။ အဲဒါကိုကြိုက် တယ်။ အရင်က တက်တူးကိုလူမ မြင်တဲ့နေရာမှာထိုးတယ်။
အခု တော့လူမြင်တဲ့နေရာမှာထိုးတယ်။ သင်ဇာက တက်တူးကြိုက်တဲ့သူ တစ်ယောက်ပါ။ သင်ဇာ့ပရိသတ် တွေထဲမှာ တက်တူးထိုးတဲ့သူဘယ် နှယောက်ပါလဲ မသိဘူး။ ဒါပေမဲ့ တက်တူးထိုးချင် စိတ်ရှိရင်ထိုးပါ။ တ ချို့က လှတော့လှချင်တယ်။ နာမှာ ကိုကြောက်တဲ့သူတွေ ရှိတယ်။ အဲဒါ ကတော့ ကိုယ့်စိတ်နဲ့ ကိုယ်ပေါ့။ ဒါ ပေမဲ့ ထိုးချင်တဲ့ စိတ်ရှိရင်ထိုးပါလို့ သင်ဇာကတော့ပြော ချင်ပါတယ်။
ကျော်မျိုးနိုင်

No comments:

Post a Comment