Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 9, 2013

တောင်ပြုန်းပွဲတော် ကာလ မန္တလေး-မတ္တရာ ရထား ခေါက်ရေ တိုး ပြေးဆွဲမည်




Friday, August 9, 2013

တောင်ပြုန်းပွဲတော် ကာလအတွင်း မန္တလေး-မတ္တရာသို့ ပြေးဆွဲနေသည့် ရထားခရီးစဉ်ကို ပုံမှန် အစုန်အဆန် ခြောက်ခေါက် ပြေးဆွဲနေရာမှ ၁၄ ခေါက်အထိ ထပ်တိုး ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့ မီးရထား တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့ ကျေးရွာတွင် သြဂုတ်လ ၁၄ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပမည့် တောင်ပြုန်းပွဲတော် ကာလအတွင်း ခရီးသည်များ သွားလာရေး အဆင်ပြေစေရေးအတွက် အိုးဘို၊ တောင်ပြုန်းနှင့် မတ္တရာ ဘူတာအကြား ပုံမှန် ပြေးဆွဲလျက်ရှိသည့် မ-၄၁ အဆန်ရထားမှ မ-၄၆ အစုန် ရထားအထိ အေ (၁) မှ အေ (၈) အထိ အစုန်အဆန် ရှစ်ခေါက် တိုးချဲ့ ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့ မီးရထား တာဝန်ရှိသူထံမှ သိရသည်။

ပုံမှန် ပြေးဆွဲနေသည့် မန္တလေး- မတ္တရာ အစုန် သုံးခေါက်၊ အဆန် သုံးခေါက်အပြင် သရဲဈေး-မတ္တရာ အစုန် လေးခေါက် အဆန် လေးခေါက် စုစုပေါင်း ၁၄ ခေါက် ပြေးဆွဲပေးမည် ဖြစ်ကြောင်း မြန်မာ့မီးရထား သွားလာ ပို့ဆောင်ရေးဌာနမှ ရုံးအဖွဲ့မှူးက ပြောကြားသည်။

“လွန်ခဲ့တဲ့ လေးနှစ်လောက်က ဦးတို့ မန္တလေး ဘူတာကြီးမှာ ရထားလက်မှတ် ဖြတ်ပြီးရင် ဘူတာကြီး အရှေ့မှာ ကားကြီးတွေ စီစဉ်ပေးတယ်။ အဲဒီကားကြီးတွေ စီးပြီး သရဲဈေး ဘူတာကို သွားရတယ်။ သရဲဈေး ဘူတာကနေ တစ်ဆင့် မတ္တရာကို စီးပြီး တောင်ပြုန်းကြီးကို သွားတာ” ဟု တောင်ပြုန်းပွဲသို့ နှစ်စဉ် သွားရောက်နေသည့် မန္တလေးဒေသခံ တစ်ဦးက ဆိုသည်။

မန္တလေး-မတ္တရာ ခရီးစဉ်အတွက် လက်မှတ် တစ်စောင်လျှင် ၃၀၀ ကျပ်၊ သရဲဈေး ဘူတာမှ မတ္တရာ ဘူတာထိ ၁၀၀ ကျပ်ဖြစ်ကာ တောင်ပြုန်း ပွဲတော်သို့ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်တွင် သွားရောက်သည့် မီးရထားစီး ခရီးသည် တစ်သိန်းကျော်ခန့် ရှိပြီး လက်မှတ် ရောင်းချငွေ ကျပ်သိန်း ၁၁၀ ကျော် ရရှိ ထားကြောင်း အဆိုပါ ဌာနထံမှ ထပ်မံ သိရှိရသည်။

(ကိုမိုးကြိုး)
The Voice Weekly

No comments:

Post a Comment