Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 6, 2013

ထိုင်းမိန်းမလျာများ ရန်ကုန်တွင် နတ်ကနားကရန် စီစဉ်

ထိုင်းနိုင်ငံမှ မိန်းမလျာများပါဝင်သည့် အဖွဲ့တစ်ဖွဲ့က ရန်ကုန်မြို့တွင် နတ်ကနားကရန် စီစဉ်နေကြောင်း Equalink Travel and Tour ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်လင်းဦးက ပြောသည်။
၂၀၁၄ နှစ်ဆန်းပိုင်းတွင် ထိုင်းနိုင်ငံမှ မိန်းမလျာ ၁၅ ဦးခန့် က ရန်ကုန်မြို့ရှိ ဟိုတယ်တစ်ခု၌ နတ်ကနားပွဲကရန် မြန်မာနိုင်ငံမှ နတ်ကနားအဖွဲ့တစ်ခုခုနှင့် ပူးပေါင်းကပြရန်အတွက် စီစဉ်နေပြီဖြစ်ကြောင်း ၎င်းကပြောသည်။
မိန်းမလျာဦးရေမှာ လတ်တလော ၁၅ ဦးဟု ဆိုသော်လည်း ထပ်မံကမ်းလှမ်းမှုများရှိနိုင်ပြီး နတ်ကနားပွဲကို စည်စည်ကားကားကျင်းပနိုင်ရန် စီစဉ်ပေးမည်ဟု ပွဲစီစဉ်သူကဆိုသည်။
““သူတို့က နတ်ကတာကို အပျော်လာလုပ်တာတော့ မဟုတ်ပါဘူး။ တကယ်ယုံကြည်သက်ဝင်ပြီး ကတဲ့သဘောတွေလည်း ပါတယ်””ဟု အထက်ပါ မန်နေဂျင်းဒါရိုက်တာ ဦးကျော်လင်းဦးက ပြောသည်။အဆိုပါထိုင်းနိုင်ငံမှ မိန်းမလျာအဖွဲ့ ၁၅ ဦး အပါအ၀င် အဖွဲ့သုံးဖွဲ့က တောင်ပြုန်းပွဲတော်သို့ လာရောက်လေ့လာဆင်နွှဲကြဦးမည်ဖြစ်သည်။ ယင်းတောင်ပြုန်းပွဲတော်သို့ ထိုင်းနိုင်ငံမှ PVF ရုပ်သံလိုင်းမှလည်း လာရောက်ရိုက်ကူးမည်ဖြစ်ပြီး အခြားသော မန္တလေးတိုင်းဒေသကြီးတွင် ဆက်လက်ကျင်းပပြုလုပ်မည့် နတ်ကနားပွဲများနှင့် မန္တလေးတိုင်းရှိ လည်ပတ်စရာကောင်းသောနေရာများသို့ မှတ်တမ်းရုပ်သံလာရောက် ရိုက်ကူးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
လာမည့်နှစ်များတွင်လည်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းများ၌ မန္တလေးတိုင်းဒေသကြီးမှ နတ်ပွဲများတွင် နိုင်ငံခြားသားဧည့်သည်များအပါအ၀င် ထိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဟောင်ကောင်နိုင်ငံတို့မှ မိန်းမလျာများ ပါဝင်ဆင်နွှဲနိုင်ရန် မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းအချို့  စတင်ပြင်ဆင်မှုများပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
7days news

No comments:

Post a Comment