Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 15, 2013

သိန်းပေါင်း များစွာကုန်ကျမယ့် ဆေးရုံကြီး တည်ဆောက်နိုင်ဖို့ နိုင်ငံတော်ကို ခွင့်ပြုချက် တင်ထားတဲ့ ဝေဠုကျော်

ဝေဠုကျော်က သွေးမေတ္တာ ပရဟိတ အသင်း (ရန်ကုန်) ဆိုတဲ့ ၂၄ နာရီ သွေးလှူဒါန်း နေတဲ့ အသင်း တစ်သင်း ရှိသလို လူမှုကူညီရေး အသင်း (ရန်ကုန်) နဲ့ နာရေး ကိစ္စများကို အကူအညီပေးနေတဲ့ အသင်း တစ်သင်း ကိုလည်း ဆောင်ရွက် နေပါတယ်။ လူမှုကူညီရေး အသင်း (ရန်ကုန်) ကို ဆက်သွယ်ချင်ရင်တော့ ဖုန်း နံပါတ်- ဝ၉ ၄၂ဝဝ၁၁၁၈၁ ကို ဆက်သွယ် နိုင်ပြီး ပြည်သူတွေ အပူမီးလောင် ကျွမ်းနေတဲ့ အချိန်မှာ ဘယ်နေရာက ကူညီလို့ရမလဲ ဆိုတဲ့ စိတ်ကလေးတစ် ခုနဲ့ ဒီအသင်းကို ထူထောင် ခဲ့ခြင်းဖြစ် ကြောင်း ဝေဠုကျော်က ပြောပါတယ်။
ဝေဠုကျော်က အခမဲ့ဆေးရုံတွေကို ဆောက်ဖို့ စီစဉ်နေပြီး ခွင့်ပြုချက်ရ ဖို့ နိုင်ငံတော်ကို တင်ပြ ထားကြောင်း ကိုလည်း "ကျွန်တော်ဆောက်ချင် တဲ့ ဆေးရုံ က ရန်ကုန်မှာ ဆိုရင် ၃ နေရာ လောက်ဆောက် ချင်တယ်။ အဓိက လှိုင်သာ ယာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ နဲ့ မင်္ဂလာဒုံလို နေရာမျိုးတွေ မှာ ဆောက်ချင်ပါ တယ်။ အရင်ဆုံးတော့ လှိုင်သာယာမှာ စပြီးဆောက် ဖို့ ပြင်ဆင်နေပါပြီ။ နိုင်ငံ တော်ကို ခွင့်ပြုချက် တောင်းထားပါတယ်။ ကျွန်တော့် ဆေးရုံ အတွက် ကုန်ကျစရိတ် အားလုံး ဟာ သိန်းပေါင်း နှစ်သိန်း လောက် ကုန်ကျပါမယ်။ အဲဒီငွေကို ကျွန်တော် အလှူ မခံ ပါဘူး။ ကျွန်တော် တစ်ယောက် တည်းလည်း အဲဒီငွေကို မနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီအတွက် အလုပ်တွေပိုလုပ် ပါမယ်။ အဲဒီငွေကြေးနဲ့ ရလာတဲ့ အမြတ် အစွန်းတွေကို ကျွန်တော်လှူလိုက် ပါမယ်။
ကျွန်တော့်ရဲ့ ရည်ရွယ်ချက် ကတော့ ဆေးရုံတစ်ရုံ ဆောက်လှူတယ်ဆိုတာ ဆေးရုံကြီး ဆောက်လှူလိုက်ရုံ နဲ့တင်မပြီးသွားဘူး။ ဒီဆေးရုံကို အခမဲ့ဖြစ်အောင် လည်ပတ်နိုင်ဖို့ အတွက် ကုသစရိတ်ရော၊ ဆေးဝါးရော၊ ခွဲခန်းစရိတ်၊ မွေးဖွားစရိတ်ဆိုတာ အားလုံးက အခမဲ့ဖြစ် အောင်လုပ်ချင်ပါတယ်။အဲဒီအတွက် သိန်း ပေါင်း တစ်သိန်းခွဲလောက်ကို ဘဏ်ထဲမှာ ထည့်လိုက်ပါပြီ။ ငွေပဒေသာပင်ပေါ့။ တစ်လကိုသိန်းပေါင်းကိုးရာလောက် အတိုးထွက်ပါမယ်။ အဲဒီငွေနဲ့ လစဉ်လည် ပတ်ဖို့အတွက် ကျွန်တော်ကြိုးစားပါ မယ်။ ဆေးရုံဆောက် ဖို့ကသိန်း ပေါင်း ၅ သောင်း လောက် ဆိုရင်ရပြီလေ။ နိုင်ငံတော်အနေနဲ့ ခွင့် ပြုလိမ့်မယ်လို့ မျှော်လင့် ပါတယ်။ ခွင့်ပြုချက်ရဖို့ အတွက်ပြည်သူလူထုက ဝိုင်းဆုတောင်းပေးကြပါ။ ခွင့်ပြုချက်ရတာ နဲ့ ၂နှစ် အတွင်းဆေးရုံကို အပြီး ဆောက်ပါမယ်"လို့ ပြောပါတယ်။

ခိုင်ဝေလွင်

No comments:

Post a Comment