Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 21, 2013

ဆရာကြီး ဒဂုန်တာရာအတွက် အိန္ဒြာကျော်ဇင်၏ ဝမ်းနည်းစကား


Written by 


သြဂုတ်လ ၁၉ရက်နေ့မှာ ဆရာကြီး ဒဂုန်တာရာ ကွယ်လွန်သွားကြောင်းသတင်းကြားရချိန်မှာပဲအိန္ဒြာကျော်ဇင်က အဘိုးအတွက် ဝမ်းနည်းစကားကို ပေါ်ပြူလာဂျာနယ်သို့ ပြောကြားပေးခဲ့ ပါတယ်။ အိန္ဒြာကျော်ဇင်က ယနေ့ သြဂုတ်လ ၂၁ရက်နေ့မှာတော့ ဆေးကုသမှုခံယူရန်ဘန်ကောက်ကို သွားရမှာဖြစ်တာကြောင့်ဆရာကြီး ဒဂုန်တာရာရဲ့ ဈာပနကိုလိုက်မပို့ဖြစ်တဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်းကို" အဘိုးဆုံးတဲ့အတွက် တော်တော်လေးစိတ်မကောင်းဖြစ်မိပါတယ်။
အဘိုးက အူဝဲတို့မင်္ဂလာဆောင်တုန်းက တကူးတကလာချီးမြှင့်တယ်။ မင်္ဂလာဆောင်ဖိတ်စာမှာထည့်တဲ့ ကဗျာလေးက အဘိုးစပ် ပေးထားတာပါ။အဲဒီကဗျာလေးကို အူဝဲတအားကြိုက်တယ်။ အဘိုးဆုံးသွားတဲ့အတွက် တကယ့်စာပေပုဂ္ဂိုလ်ကြီးတစ်ယောက်ကို ဆုံးရှုံးရတဲ့အတွက်တအားနှမြောဖို့ ကောင်းပါတယ်။ အဘိုးရဲ့ဈာပနကို လိုက်ပို့ဖို့အတွက် စိတ်က တအားပြင်းပြတယ်။ ဒါပေမဲ့ဘယ်လိုမှ လိုက်ပို့လို့မရတော့ဘူး။ဆေးကုသဖို့ ရက်က ချိတ်ထားပြီးသားဖြစ်နေတယ်။ ရက်ရွှေ့လို့မရဘူး။ အဘိုးအတွက် ပန်းခြင်းတွေပဲ ပို့နိုင်လိုက်တယ်" လို့ အိန္ဒြာကျော်ဇင်က ဝမ်းနည်းစကား ပြောကြားခဲ့ပါတယ်။
ဆရာကြီး ဒဂုန်တာရာမှာအိန္ဒြာကျော်ဇင်ရဲ့ အဘိုးဖြစ်သူ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျရဲ့မိတ်ဆွေဖြစ်သလို ဘကြီးဖြစ်သူကောလိပ်ဂျင်နေဝင်းရဲ့ အရင်းနီးဆုံး မိတ်ဆွေတွေ ဖြစ်ပြီး အိန္ဒြာကျော်ဇင်တို့  ငယ်စဉ်ကတည်းက မိသားစုအရင်းနဲ့ မခြားနေထိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
Ref: Popular

No comments:

Post a Comment