Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 28, 2013

တစ်လငါးသိန်းရမည်ဆို၍တရုတ်သို့ ရောင်းစားသူများအား ဖမ်းမိရန် ဆောင်ရွက်နေဆဲဖြစ်



ရန်ကုန်၊ သြဂုတ် ၂၈။
ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် (ဏ)ရပ်ကွက်နေ အမျိုးသမီး တစ်ဦးအား တစ်ရပ်ကွက်တည်းနေ မအငယ်လေး(ခ)မအေးမြတ်မွန်က တရုတ်ပြည်၌ တစ်လလျှင် ငါးသိန်းရမည်ဟု ခေါ်ဆောင်သွားပြီးနောက် ရောင်းစားခဲ့သည်ကို ရောင်းစားခံရသူနှင့် မိခင်ဖြစ်သူတို့ ဖုန်းဖြင့် ဆက်သွယ်မိပြီး သိရသောကြောင့် သမီးဖြစ်သူအား ရောင်းစားသော မအေးမြတ်မွန် အပါအဝင် (၇)ဦးအား အရေးယူပေးရန် တိုင်တန်းမှုတစ်ခု
သြဂုတ်လ ၂၇ရက်နေ့က ဖြစ်ပွား ခဲ့သောကြောင့် အားလုံးအား ဖမ်းဆီးအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း လှော်ကားရဲစခန်းမှ သိရသည်။

အဆိုပါ ရောင်းစားခံရသော အမျိုးသမီးအား မအငယ်လေး(ခ) မေအေးမြတ်မွန်က တစ်လလျှင်ငါးသိန်းရမည်ဟု မတ်လ (၃)ရက်နေ့က ပြော၍ ခေါ်သွားပြီးနောက် ၎င်းနှင့်အတူ မမာမာဦးဆိုတို့က
၁၂၄ ကားဂိတ်သို့ ပို့၍ လာရှိုးမြို့မှ မစိုးစိုး ဆိုသူက လားရှိုးမြို့အထိ လိုက်ပို့ကာ မဆုဆုခိုင်ထွေး၊ သားငယ်၊ မရှမ်းမနှင့် မရှမ်းမ၏ ခင်ပွန်းဖြစ်သူတို့၏ အဆက်အသွယ်ဖြင့် တရုတ်နိုင်ငံ၊ ကျူးမားထံမြို့၊ လွယ်ဒစ်ရပ်ကွက်ရှိ တရုတ် အမျိုးသားထံတွင် ငွေကျပ်(၈၅)သိန်းဖြင့် အရောင်းစားခံရခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် တရုတ်အမျိုးသားနှင့် ရရှိထာသော ကိုယ်ဝန်(၂)လ လွယ်ထားရပြီ ဖြစ်ကြောင်း ရောင်းစားခံရသူ အမျိုးသမီးက မိခင်ဖြစ်သူထံ တရုတ်နိုင်ငံမှ ဖုန်း၁၈၈၃၉၆၄၁၃၉၂ သို့ ဆက်သွယ်ရန် ပြောကြား၍ မိခင်ဖြစ်သူမှ ဆက်သွယ်မေးမြန်း၍ သိရှိပြီးနောက် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တန်းများအရ သိရသည်။
အဆိုပါ လူကုန်းကူမှုနှင့် ပတ်သက်၍ လှော်ကားမြို့နယ် ရဲစခန်းမှ (ပ)၂၅၇/၁၃၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ -၂၈(က)ဖြင့် အမှုဖွင့်၍ အမှုစစ် ဒုရဲအုပ်ဇော်တင်မှ စစ်ဆေးလျက်ရှိပြီး လှော်ကား နမစ(ပ)၁၇၀/၁၃၊ လူကုန်ကူမှု တားဆီးကာကွယ်ရေးပုဒ်မ-၂၄ဖြင့် မအငယ်လေး(ခ)မအေးမြတ်မွန်နှင့် မမာမာဦးတို့အား ဖမ်းဆီးရမိထားကြောင်း၊ မစိုးစိုးအား တရားခံပြေးအဖြစ် တရားစွဲထားကာ အပါအဝင် (၅)ဦးအား ဖမ်းဆီး ရမိနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ဆက်လက် သိရသည်။
မြန်မာ့ခေတ်
11112

No comments:

Post a Comment