Monday, August 12, 2013
မြန်မာလူကုန်ကူး ဂိုဏ်းခေါင်းဆောင် တစ်ဦးအား ထိုင်းနိုင်ငံတွင် ဖမ်းဆီးစစ်ဆေးနေပြီး ၎င်း၏ လူကုန်ကူးခြင်း ခံရပြီး မြန်မာနိုင်ငံသို့ ပြန် လည်ရောက်ရှိနေသည့် လူကုန်ကူး ခံရသူများ အနေဖြင့် မြန်မာနိုင်ငံတွင် အမှုဖွင့် တိုင်ကြားပါက မြန်မာနိုင်ငံ ဘက်မှလည်း အရေးယူ ဆောင် ရွက်ပေး သွားမည်ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဒုတိယ တပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ထွန်းက ပြောကြားခဲ့သည်။
လူကုန်ကူး ဂိုဏ်းခေါင်းဆောင် တစ်ဦးဖြစ်သည့် အသက် ၄၂ နှစ် အရွယ်ရှိ အောင်မျိုးမင်း(ခ)ကိုမျိုးအား သြဂုတ် ၁ ရက်တွင် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ရာဘာစိုက်ခင်း တစ်ခုတွင် ထိုင်းနိုင်ငံမှ သက်ဆိုင်ရာ အဖွဲ့ များက ဖမ်းဆီးရမိခဲ့ပြီး လက်ရှိအချိန် တွင် စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။
''အောင်မျိုးမင်း (ခ) ကိုမျိုးက ၂၀၁၀ကတည်းက မြန်မာနိုင်ငံ ကော့သောင်း ရဲစခန်းက လူကုန်ကူးမှုနဲ့ အလိုရှိနေတဲ့ သူအဖြစ် ကြေညာထားပြီး သား ဖြစ်ပါတယ်။ သူဟာ လူကုန်ကူးမှု သာမကဘဲ လူသတ်မှု၊ အဓမ္မပြုကျင့်မှုတွေပါ ဆက်စပ်ပတ်သက် ကျူးလွန်ထားတယ်လို့ လူကုန်ကူး ခံရသူတွေဆီက သိထားရတယ်။ ထိုင်းဘက်က တာဝန်အဖွဲ့တွေနဲ့ မြန်မာဘက်က ကျွန်တော်တို့ ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပူးပေါင်းဆောင်ရွက် ခဲ့တဲ့အတွက် ကိုမျိုးကို သြဂုတ် ၁ ရက်မှာ ထိုင်းနိုင်ငံမှာ ဖမ်းဆီးနိုင်ခဲ့ပါ တယ်။
မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ ကိုမျိုးရဲ့ လူကုန်ကူးခြင်း ခံရသူတွေက ဒီမှာအမှုဖွင့် တိုင်ကြားလို့ ရှိရင်လည်း ကျွန်တော်တို့ဘက် က အရေးယူ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်'' ဟု ရဲမှူးကြီး ၀င်းနိုင်ထွန်းက ပြောကြားခဲ့သည်။
ယခုနှစ် မတ်လအတွင်းတွင် ထိုင်းနိုင်ငံ ကန်တန်မြို့တွင် မြန်မာသုံးဦးအား ငါးဖမ်းလှေများတွင် ရောင်းစားခံရကြောင်း သတင်းရရှိပြီးနောက် ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသား လူကုန်ကူး ခံရသူ ၁၄ ဦးကို ကယ်တင်နိုင်ခဲ့ပြီး လူကုန်ကူးသူ အေးမင်းကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ ကွင်းဆက်များ ဖော်ထုတ်ချက်အရ အောင်မျိုးမင်း (ခ)ကိုမျိုးပါဝင်ကြောင်း သိရသဖြင့် ထိုင်းနိုင်ငံဘက်မှ ဖမ်းဝရမ်း ထုတ်ခဲ့ကြောင်း သိရသည်။
Eleven Media Group
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, August 11, 2013
ထိုင်းတွင် မြန်မာလူကုန်ကူးဂိုဏ်း ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီး စစ်ဆေးနေပြီး မြန်မာနိုင်ငံတွင် အမှုဖွင့်ပါက မြန်မာဘက်မှလည်း အရေးယူသွားမည်
ထိုင်းတွင် မြန်မာလူကုန်ကူးဂိုဏ်း ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီး စစ်ဆေးနေပြီး မြန်မာနိုင်ငံတွင် အမှုဖွင့်ပါက မြန်မာဘက်မှလည်း အရေးယူသွားမည်
Reviewed by VC
on
August 11, 2013
Rating: 5
Reviewed by VC
on
August 11, 2013
Rating: 5
Subscribe to:
Post Comments (Atom)


No comments:
Post a Comment