Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 8, 2013

အပျော်မယားဟောင်းက ညစ်ညမ်းပုံ ဖွင့်ချခဲ့သဖြင့် သြစတြေးလျ ပါလီမန်အမတ်နုတ်ထွက်ခဲ့ရ


မိမိ၏ဝတ်လစ်စလစ် ညစ်ညမ်းပုံ များကို အပျော်မယားဟောင်းက Courier Mail သတင်းစာတွင် ဖော်ပြ ခဲ့မှုကြောင့် ကွင်းစလန်ပြည်နယ် အစိုးရ ပါလီမန်အမတ်ပီတာဒိုးလင်းသည် ၄င်း တာဝန်ထမ်းဆောင်နေသည့် ပါလီမန် ဆိုင်ရာ ကျင့်ဝတ်ကော်မတီဥက္ကဋ္ဌနှင့် ပါလီမန်ဆိုင်ရာ ရာဇဝတ် မှုနှင့်သိက္ခာမဲ့ အပြုအမူများ ကော်မတီတို့မှ အင်္ဂါနေ့ က နုတ်ထွက်ပေး ခဲ့သည်ဟု သြဂုတ်လ ၆ ရက်နေ့ AFP သတင်းတစ်ရပ်က ဖော်ပြခဲ့သည်။

ဒိုးလင်းသည် အိမ်ထောင်သက် ၂၅ နှစ်ရှိ အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး ယခုလို မိမိ၏ညစ်ညမ်းပုံများ ဖော်ပြခံရ မှုကြောင့် စိတ်မကောင်းဖြစ်နေသော ၄င်း၏မိသားစုဝင်များကို တောင်းပန် စကားပြောကြားခဲ့သည်။

လစ်ဘရယ်နေရှင်နယ်ပါတီဝင်အ မတ်ဖြစ်သူ ဒိုးလင်းက ၄င်း၏အရှေ့ ပိုင်း ဝတ်လစ်စလစ်ပုံအပါအဝင် ညစ်ညမ်းပုံ များကို ထိုအမျိုးသမီးထံ သို့ ပေးပို့ခဲ့ ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ဝန်ခံပြီး၊ ယင်းကိစ္စနှင့် ပတ်သက်၍ ခုခံ ငြင်းဆိုမှာ မဟုတ်ကြောင်း၊ ထို့အ တွက် သူ့အားသနား ညှာတာစရာမလို သော်လည်း စုံစမ်းစစ်ဆေးမှုပြုလုပ်ရာ တွင်မိသားစုဝင် များကိုမူ ဘေးဖယ်ထား ပေးရန် ပါလီမန်၌ ပြောကြားခဲ့သည်။

ပါလီမန်ဆိုင်ရာ ခရီးစဉ်များကို အလွဲသုံးစားလုပ်ကာ အပျော်မယား များထံသို့သွားရောက်ခဲ့သည်ဟုလည်း ၄င်းကို စွပ်စွဲပြောဆိုမှုများရှိသည်ဟု သိရသည်။

Ref:AFP

No comments:

Post a Comment