Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 17, 2013

တောင်ငူနတ်စင်ကုန်းက အနှိပ်ခန်း လုပ်ငန်း ဖယ်ရှား ပေးစေလို


ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့နယ် နတ်စင်ကုန်း ကျေးရွာ အိမ်အမှတ် (၁၈)တွင် ဇူလိုင်လကုန်ပိုင်းမှ စပြီး အနှိပ်ခန်း လုပ်ငန်း လုပ်ကိုင်သူများ ရောက်ရှိ ငှားရမ်း နေထိုင်ခဲ့ပါသည်။

အဆိုပါ နေအိမ်မှာ ပတ်ဝန်းကျင် အိမ်များနှင့် ဆက်စပ်နေပြီး ရန်ကုန်-မန္တလေး ကားလမ်းမကြီး ဘေးတွင် တည်ရှိနေသောကြောင့် ဧည့်သည် အဝင်/အထွက် များကို ပတ်ဝန်းကျင်မှမြင်တွေ့နေ ရပါသည်။ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားရာ အခြေခံပညာ အထက်တန်းကျောင်း (နတ်စင်ကုန်း)နှင့် အဆိုပါ နေအိမ်မှာ ကိုက်(၄ဝဝ)ခန့် အတွင်း တည်ရှိခြင်း၊ ရပ်ဝေးနေ ကျောင်းသား၊ ကျောင်းသူများ ငှားရမ်း နေထိုင်သည့် ကျေးရွာတွင်းရှိ အဆောင်များနှင့် ဆက်စပ်နေခြင်းကြောင့် ကျေးရွာသူ၊ ကျေးရွာသားများ၊ ကျောင်းသား မိဘများ၊ဆရာ၊ ဆရာမများ အနေဖြင့် စိုးရိမ်ပူပန် နေရပါသည်။ သို့ဖြစ်၍ သက်ဆိုင်ရာမှ ဖယ်ရှား ရှင်းလင်း ပေးနိုင်ပါရန် တင်ပြ လိုက်ရပါသည်။

ရွာသူ၊ ရွာသားများ

http://www.myawady.com.mm/allnews/letter/item/22416-2013-08-15-09-36-33

No comments:

Post a Comment