အပေါ်ကဓာတ်ပုံထဲက ဇန်လင်းယွန်း ဆိုသူဟာ ရှန်ရန်းမြို့ ကြီးကိုအလုပ်ရှာဖို့ တက်လာတော့ အိမ်ငှား မယ့်အစား ဟိုတယ်ကမသုံးတော့ တဲ့ရေချိုးခန်းအိမ်သာကို ငှားရမ်းနေထိုင်ဖို့ ဆုံးဖြတ်ခဲ့ ပါတယ် တဲ့။ ဒီရေချိုးခန်းတဖြစ်လဲအိမ်ခန်းအတွက်တလကို ၉၄ ဒေါ်လာ လောက်ပေးရပါတယ်။
သူကဖိနပ်ချုပ်တဲ့အလုပ်လုပ်ပါတယ်။ မီတာ၂၀ပတ်လည်သာသာကျယ်တဲ့ အမျိုးသားအိမ်သာကို အိမ် လုပ်ပြီး ၂၀၀၆ ခုနှစ်ကတည်းကနေထိုင်ခဲ့ရာက ၂၀၁၀ မှာ အိမ်ထောင်ကျတော့ အမျိုး သမီးကပါ သူနဲ့  အတူ လာနေပါတယ်။ တနှစ်လောက်ကြာတော့ သားလေးတယောက်ရလာပြီး အခုတော့ မိသားစုသုံးဦး သား ဒီကျဉ်းကျဉ်းလေးထဲ စုပြီးနေနေကြတုန်းပါပဲ။နေရာကျဉ်းပေမယ့် ဇန်လင်းယွန်း ကတော့ သူနေရတဲ့ အနေအထားကိုကျေနပ်ပါတယ်တဲ့။ သူက ကျနော်တို့ အသက်တွေငယ်ပါသေးတယ်။ အလုပ်ကိုကြိုးကြိုးစားစားလုပ်သွားရင် ပိုပြီးတိုးတက်ကောင်းမွန်လာမှာပါလို့ သူကသူ့ ဘ၀အပေါ်အကောင်းဖက်ကရှုမြင်ပါတယ်။
နေရာကျဉ်းကျဉ်းလေးကို သူတို့ မိသားစုဘယ်လိုအဆင်ပြေအောင်နေသလဲဆိုတာအောက်က ဓာတ်ပုံတွေမှာတွေ့ ရမှာပါ။


သူတို့ နေတဲ့အခန်းအပြင်ဖက်မှာထွက်ပြီး ချက်ပြုတ်ရပါတယ်။ ချက်ရေးပြုတ်ရေးအတွက်တော့ ဒီနေရာကအဆင်မပြေလှဘူးတဲ့။ ဒါပေမယ့် ဒီလိုပဲ ချက်ပြုတ်ရတာ အကျင့်ဖြစ်နေပါပြီတဲ့။


ဒါကသူ့ ရဲ့ အိမ်သာ အိမ်ယာထဲက အလုပ်ရုံပေါ့။
No comments:
Post a Comment