Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 6, 2013

တစ်နေ့တည်း၌ဆွဲကြိုးချသေဆုံးမှုသုံးခုဖြစ်ပွား



  • Tuesday, August 06, 2013

    သြဂုတ်လ ၅ရက်နေ့တွင် အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တို့၌ မနက် ၃နာရီမှ နေ့လည် ၁၂နာရီ အတွင်း ဆွဲကြိုးချသေဆုံးမှု သုံးခု ဖြစ်ပွားခဲ့ဖြစ်ပွားခဲ့ကြောင်းရန်ကုန်တိုင်းရဲဌာနမှ သိရသည်။

    မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်း ရပ်ကွက်တွင် အသက်နှစ်ဆယ့်တစ်နှစ် အရွယ် သေဆုံးသူသည် နံနက် ၃နာရီခန့်တွင် နေအိမ်အမြင့် (၁၀)ပေခန့်မြင့်သော ထုတ်တန်းတွင် လျှပ်စစ်ဝါယာကြိုးဖြင့်
    ဆွဲကြိုးချသေဆုံးခဲ့ခြင်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ဘလုတ်ညွှန့်ရပ်ကွက် တွင်း နေထိုင်သူသည် နံနက်ခြောက်နာရီခန့်၌ ၎င်းနေအိမ်ဘေးရှိ အမြင့်(၅)ပေခန့်ရှိသော သစ်သားတန်းတွင် ကြိုးဆွဲချ သေဆုံးခဲ့ခြင်း၊ အင်းစိန်မြို့နယ်အတွင်း သေဆုံးမှုမှာ အသက် (၅၆)နှစ် အရွယ်ရှိ၍ နေ့လည် ဆယ့်နှစ်နာရီခန့်တွင် နေအိမ်တွင် တစ်ယောက်တည်း ရှိနေစဉ် အရက်သောက်၍ ဂယောင်ခြောက်ခြားဖြစ်ကာ အမြင့်(၆)ပေခန့်ရှိသော သစ်သားတန်းတွင် လျှပ်စစ်မီးကြိုးအားချဉ်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ယင်းအမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးမှု ဟုတ်/မဟုတ်အား သက်ဆိုင်ရာ ရဲဌာနများမှ တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

    The Myanma Age

No comments:

Post a Comment