Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 23, 2013

နိုင်ငံ၏ လျှို့ဝှက်ချက်များကို ပေါက်ကြားစေခဲ့သဖြင့် အမေရိကန်စစ်သား တစ်ဦး ထောင်ဒဏ် ကျခံရ

နိုင်ငံရဲ့လျှို့ဝှက်ချက်တွေကို ပေါက်ကြားစေခဲ့တဲ့ အမေရိကန်စစ်သည် Boadley Manning ကို အမေရိကန် စစ်ဘက်ဆိုင်ရာ
တရားရုံးက ထောင်ဒဏ် ၃၅နှစ် ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ Manning ဟာ Wikileaks အမည်ရတဲ့ အစိုးရ အဖွဲ့အစည်းတွေရဲ့ လျှို့ဝှက်ချက်တွေကို လူသိရှင်ကြား ထုတ်ဖော်နေတဲ့ သတင်းဝဘ်ဆိုက်ကို အမေရိကန်တို့ရဲ့ သံတမန်ရေးရာဆိုင်ရာ လျှို့ဝှက်ချက်တွေအပါအ၀င် အခြားသတင်း အချက်အလက်တွေကို ပေးပို့ခဲ့တဲ့အတွက်အခုလို ပြစ်ဒဏ်ကျခံ ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

အမှုပေါင်း ၂၂မှုနဲ့ တရားစွဲခံခဲ့ရတဲ့ Manning က တိုင်းပြည်အပေါ် ထိခိုက်နစ်နာစေခဲ့တဲ့ ၎င်းရဲ့ လုပ်ရပ်အပေါ်တောင်းပန်ကြောင်း တရားရုံးမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ Manning လိုမျိုး အလားတူပြစ်မှုကိုကျူးလွန်ခဲ့တဲ့ အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်း အက် ၀က်စနိုဒန် ကတော့ လက်ရှိမှာ ယာယီခိုလှုံခွင့်ဗီဇာနဲ့ ရုရှားနိုင်ငံမှာ နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။

Mrtv-4

No comments:

Post a Comment