Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 28, 2013

ကိုရီးယားရောက် ဗမာတွေ ကွမ်းမစားကြဖို့ ကွမ်းကင်ပိန်းလုပ်ကြမယ်

မိုးမခရွာဆော်ကြီး၊ သြဂုတ် ၂၉၊ ၂၀၁၃
လက်ခံရရှိသော သတင်းအရ ကိုရီးယားရောက် ဗမာများ ဗရမ်းဗတာကွမ်းစားကြတာကို ထိန်းသိမ်းနိုင်ဖို့ ကွမ်းကင်ပိန်းလုပ်ကြမယ်လို့ သိရပါတယ်။ ပေးပို့လိုက်တဲ့ လက်ကမ်းပိုစတာက ဒီမှာပါ။ ကိုဝင်းပေါ်မောင်ကနေ လက်ခံရှိတာ ဖြစ်ပါတယ်။ https://www.facebook.com/MyanmarCenterKorea
အစီအစဉ်
နေ့ရက် = ၂၀၁၃ စက်တင်ဘာ ၁ (တနင်္ဂနွေနေ့)
နေရာ = ကိုရီးယားနိုင်ငံ၊ ဘူဖျောင်းမြို့
အချိန် = နံနက်ပိုင်း – နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီအထိ
ညနေပိုင်း – ညနေ ၄ နာရီမှ ၆ နာရီအထ
ဘာတွေလုပ်မလဲ
- လမ်း၊ ပလက်ဖောင်း၊ သစ်ပင်၊ နံရံ စတာတွေမှာ ကွမ်းသွေးပေကျံနေတာတွေကို ဆေးကြောမယ်။
- မြန်မာတိုင်းကို လက်ကမ်းစာရွက်တွေ ဝေမယ်။ ရှင်းပြ ပြောဆိုမယ်။
- လူမြင်ကွင်း နေရာစုံမှာ ပိုစတာ၊ စတေကာတွေ ကပ်မယ်။
ကွမ်းကမ်ပိန်းရဲ့ ရည်ရွယ်ချက်တွေက
- ကွမ်းတံတွေး ပြင်ပမှာ မညစ်ပတ်ရေး
- မြန်မာချင်း မိတ်ဆွေချင်း အသိပညာပေးခြင်းဖြင့် အမျိုးသားဂုဏ်ကို မြှင့်တင်ရေး
- ကိုရီးယား လူနေမှုစနစ်နဲ့ လိုက်လျောညီထွေ နေထိုင်နိုင်ရေး
- ကျန်းမာရေး အသိမြင့်မားလာရေး တို့ ဖြစ်ပါတယ်။
ကွမ်းကမ်ပိန်း လုပ်ဆောင်တာဟာ သင့်လျော်တဲ့ နေထိုင်မှု၊ သန့်ရှင်းတဲ့ ၀န်းကျင် ဖြစ်စေဖို့အတွက် ပညာပေး ပြုပြင်ခြင်း၊ လူနေမှု မြှင့်တင်ခြင်း ဆောင်ရွက်မှုများ ဖြစ်ပါတယ်။
“သန့်ရှင်းမှုဖြင့် ဂုဏ်ယူပါ၊ အမျိုးသားရေးမို့ ဆင်ခြင်ပါ”
- See more at: http://moemaka.com/archives/37643?fb_source=pubv1#sthash.KDKiDo6w.dpuf

No comments:

Post a Comment