Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 26, 2013

ကန့်ဘလူမြို့နယ်တွင် မိုးကြိုးပစ်၍ တစ်ရက်တည်း နှစ်ဦးသေ


ကိုတိုးကြီး | တနင်္လာနေ့၊ သြဂုတ်လ ၂၆ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၄၂ မိနစ်

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်အတွင်းရှိ ကန့်ဘလူမြို့နယ်တွင် သြဂုတ် ၂၃ ရက် ညနေ၌ မိုးကြိုးပစ်၍ လူနှစ် ဦးသေဆုံး ခဲ့ရကြောင်း ခရိုင်အထွေထွေ အုပ်ချုပ်ရေးဌာန၏ ထူးခြားဖြစ်စဉ် မှတ်တမ်းများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

သေဆုံးသူနှစ်ဦးသည် ၄၅ မိနစ်ခန့်သာခြား၍ မိုးကြိုးပစ်ခံရခြင်းဖြစ်ကြောင်း
လည်း ထိုမှတ်တမ်းများတွင် ရေးသား ထားသည်။

သေဆုံးသူတစ်ဦးမှာ ကန့်ဘလူမြို့နယ်အတွင်းရှိ ပုဏ္ဏားကြီးရွာမှ ငါးဖာလုံခန့်အကွာတွင် သေဆုံးခဲ့ ခြင်းဖြစ်ကြောင်း ရဲဌာန၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။ သေဆုံးသူသည် အသက် ၃၁ နှစ် အရွယ် ကိုမြင့်နိုင်ဆိုသူဖြစ်ပြီး သူသည် လယ်ကွင်းထဲ၌ ကောက်စိုက်သမငါးဦးနှင့်အတူ ကောက်စိုက်နေရာမှ မိုးကြိုးပစ်ခံရခြင်းဖြစ်သည်ဟု ရဲဌာက ဆိုထားည်။

၎င်း၏ ခန္ဓာကိုယ်အနှံ့တွင်လည်း မီးလောင်ဒဏ်ရာများ ရရှိထားသည်ဟု ရဲများက မှတ်တမ်းတင် ထားသည်။

ထို့ကြောင့် ထိုကိစ္စကို ရဲစခန်းက သေမှုသေခင်းအဖြစ် စစ်ဆေးဆောင်ရွက်ရန် အမှုအမှတ် ၁၂/၂၀၁၃ ဖြင့် အမှုဖွင့်ထားသည် ဟုလည်း ရဲဌာနက ဆိုသည်။

ထို့ပြင် ယင်းအဖြစ်အပျက်နှင့် ၄၅ မိနစ်ခန့်သာခြား၍ ကန့်ဘလူမြို့နယ်အတွင်းရှိ ချမ်းသာကြီးကျေးရွာတွင် မိုးကြိုးပစ်မှုတစ်ခုထပ်မံဖြစ်ပွားရာ အသက် ၃၄ နှစ်အရွယ် မမိုးကြည့်ဆိုသူ သေဆုံးခဲ့ရသည်ဟုလည်း ရဲမှတ်တမ်းတွင် တွေ့ရသည်။

သေဆုံးခဲ့သည့် အမျိုးသမီးသည် သမီးဖြစ်သူကျောင်းအပြန်သွားကြိုစဉ် ကျောင်း၏ တံစက်မြိတ်အောက်၌ ရပ်၍ မိုးခိုနေချိန် မိုးကြိုးထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ရဲများ၏စစ်ဆေးတွေ့ရှိချက်များအရ
သိရသည်။

အဆိုပါအမှုကိုလည်း သေမှုသေခင်းဖြင့်ပင် အမှုဖွင့်ပြီး ဆက်လက်စစ်ဆေးမည်ဖြစ်ရာ ကန့်ဘလူ ရဲစခန်း၌ အမှုအမှတ် ၁၃ / ၂၀၁၃ဖြင့် အမှုဖွင့်ထားကြောင်း ရဲဌာန၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

No comments:

Post a Comment