Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 29, 2013

မြောက်ကိုရီးယားအာဏာရှင် ရည်းစားဟောင်းကိုကွပ်မျက်


မြောက်ကိုးရီးယားအာဏာရှင် ကင်ဂျုံအွန်းကရည်းစားဟောင်းဖြစ်သူHyon Song-wolကို မြင်း ကုန်းနှီးပေါ်ကမိန်းမပျို ဆိုတဲ့သီချင်းမှာ ပါဝင်သရုပ်ဆောင်ခဲ့လို့ သေဒဏ်ပေးလိုက်ပါတယ်။
Hyon Song-wol နဲ့ သူရဲ့ ဂီတအဖွဲ့ သား၁၁ယောက်ကိုသြဂုတ်၁၇ရက် ကညစ်ညမ်းမီဒီယာဥပဒေ ချိုးဖောက်မှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ သုံးရက်အကြာမှာတော့ ၁၂ယောက်စလုံးကို သူတို့ ရဲ့ မိသားစုဝင်တွေ ပြီးတော့အခြားပေါ့ပ်တီးဝိုင်းတွေဖြစ်တဲ့Unhasu Orchestra, Wangjaesan Light Band and Moranbong Band တီးဝိုင်းအဖွဲ့ သားတွေနဲ့ အများပြည်သူရှေ့ မှာအရှေ့ မှာပဲစက်သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့  တရုတ်သတင်းစာChosun Ilboမှာရေးသားထားပါတယ်။ သူတို့ နှစ်ဦးဟာ ဆယ်ကျော်သက်အရွယ်ထဲက သိကျွမ်းခဲ့ကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ဖခင်ဖြစ်သူ ကင်ဂျုံအီးက အမိန့် ကြောင့် သူတို့ နှစ်ယောက် ချစ်ဇတ်လမ်ဟာအဆုံးသတ်ခဲ့ရပါတယ်။ အဲဒီနောက်Hyon Song-wolဟာစစ်သားတယောက် နဲ့ လက် ထပ်ခဲ့ပေမယ့် အာဏာရှင်ကင်ဂျုံအွန်းနဲ့ Hyonတို့ ချစ်ဇတ်လမ်း ဟာဆက်ရှိနေတုန်း လို့  ကော လာဟလတွေ ထွက်ခဲ့ပါ တယ်။မြောက်ကိုးရီယားအရေး ကျွမ်းကျင်သူတိုကျိုဝါဆီဒါတက္က သိုလ်ကပါမောက္ခ က  ဒီကိစ္စနောက်ကွယ်မှာ တခြားနိုင်ငံရေးအကြောင်းတွေအများကြီှးရှိပါ တယ်။ ညစ် ညမ်းဗီဒီယို အတွက် ခုလိုကွပ်မျက်လိုက် တယ် ဆိုတာကတော့ မယုံကြည်နိုင်လောက်အောင် ပါပဲ။ထောင်ချထား လိုက်လို့  ရတယ်ဗျာ။ကင်ဂျုံအွန်းရဲ့ မိန်းမကတချိန်က ဒီဂီတအဖွဲ့ ထဲမှာ အဖွဲ့ ဝင်တယောက်ဖြစ် ခဲ့တာဆိုတော့ ဒီသတ်ဖြတ်မှုဟာ သူ့ မိန်းမကြောင့်လည်းဖြစ်နိုင်ချေ ရှိတယ်လို့  ပါမောက္ခကဆိုပါတယ်။
၂၀၁၂အောက်တိုဘာလတုန်းကလည်း စစ်တပ်ကဒုဝန်ကြီးကိုမော်တာနဲ့ ပစ်ပြီးကွပ်မျက် ခဲ့ပါသေး တယ်။အပြစ်ကတာဝန်ချိန်မှာအရက်သောက်ပြီး  ပျော်ပါးနေလို့ ဖြစ်ပါ တယ်။ကင်ဂျုံအီးက ဆံပင်တမျှင်တောင်သဲလွန်စမကျန်ခဲ့စေနဲ့ လို့ အမိန့် ပေးခဲ့တဲ့အတွက်ဒီလိုမော်တာနဲ့ ပစ်ခဲ့ရတာဖြစ်ပါတယ်။
The Melting Pot 4 U Singer or sister? Speculation is rife over who this woman pictured with Kim Jong-un is.Source

No comments:

Post a Comment