Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 27, 2013

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် ယနေ့ ၂ ကျော့ပြန်ဖမ်းဆီး နေ



ယနေ့ ၂၇.၈.၂၀၁၃ ညနေ ၃ နာရီတွင် ယခင်ဖမ်းဆီးနေကျဖြစ်သော ကားဖြင့် တစ်စီးအပြည့် ဖမ်းဆီးသွားခဲ့ပြီး ဖမ်းဆီးသည့်ရဲများမှာ ဒမ်ဝမ်ဂီ မှရဲများပင်ဖြစ်ကြောင်း ..။

ထပ်မံပြီး ညနေ ၄ နာရီခွဲတွင် ကားအမှတ် ၅၇၂၄
( ဘန်ကားအဖြူရောင် ) ဖြင့် ကားအပြည့် ဖမ်းဆီးသွားကြောင်းသိရသည် ။

ဖမ်းဆီးသူများကိုသတိထားရန်မှာ ယခင်ဖမ်းသကဲ့သို့ ရဲဝတ်စုံ ၊ ရေးလားဝတ်စုံတို့ဖြင့် မဟုတ်ပဲ အရပ်ဝတ်များဖြင့်သာ ဆက်တိုက်ဖမ်းဆီးနေ တာကြောင့် ကွာလာလမ်ပူ လမ်းသွားလမ်း လာ မြန်မာများ သတိထားသင့်ပါသည် ။

ယခင်အဆိုပါ ဖမ်းဆီးမှုကို ကိုတာရာယာရှေ့တွင်သာ ဖမ်းဆီသော်လည်း ယခုမြန်မာဆိုင်တန်းသို့ဝင်ရောက်ဖမ်းဆီးမှုမှာ ၂ ကြိမ်ရှိပြီဖြစ်သည် ။

ဖမ်းဆီးသည်ဆိုသော်လည်း ယခင်း Operacy များကဲ့သို့ မှန်မှန် မမှန်မှန် ဖမ်းဆီးသည်မဟုတ်ပဲ အထောက်အထားမရှိသူများကိုသာ ဖမ်းဆီးပြီး အထောက်အထားပြနိုင်သူများကိုမူ စစ်ဆေးပြီးသည်နှင့် ပြန်လည် သွားခွင့်ပြုကြောင်းတွေ့ရသည် ။

ပြီးခဲ့သည့် August လ ၂၂ ရက်နေ့တွင် တစ်ကြိမ် ။ ယနေ့ ၂၇.၈.၂၀၁၃ တွင် ကား ၂ စီးဖြင့် ၂ ကျော့်ပြန်တစ်ကြိမ် ဖမ်းဆီးခဲ့ပြီးဖြစ်ကြောင်းကို ကွာလာလမ်ပူသို့ အကြောင်းအမျိုးမျိုးကြောင့်လာရောက် မည့်သူများသိအောင် ရေးသားပေးပါသည် ။


သို့ကြောင့် ကွာလာလမ်ပူသို့လာမည်ဆိုပါက ကျွန်တော်တို့စာမျက်နှာတွင် အဖမ်းအဆီးရှိမရှိကို Mesage ပို့ကာ မေးမြန်းနိုင်ပြီး ကျွန်တော်တို့ မလေးရှားရောက် မြန်မာများ facebook စာမျက်နှာမှ ဖမ်းဆီးသည်နှင့် ချက်ချင်း ရေးသားတင်ဆက်ပေးမည် ။

www.facebook.com/mmrinmy

Posted From မလေးရှားရောက်မြန်မာများ

Thit Htoo Lwin blog

No comments:

Post a Comment