Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 1, 2013

လှလည်းလှ တော်လည်းတော်တဲ့ ဟန်သီ ဂျပန်ကို လေ့လာရေးခရီး သွားခွင့်ရ


မြတ်သူအောင်| August 1, 2013 |

ဂျပန်ဘာသာစကား သင်တန်းကျောင်းမှာ ဂျပန်ဘာသာကနေ မြန်မာဘာသာကို ပြန်ဆိုမှု ပြိုင်ပွဲ (Orientation and Farewell Asian Youth Development (Okinawa) 2013 Speech & Translation Contest) မှာ ပထမဆုရရှိခဲ့တဲ့ မော်ဒယ်လ် ဟန်သီဟာ ဂျပန်နိုင်ငံ အိုကီနာဝါကို ရက် ၂၀ ကြာ အလည်အပတ်ခရီးနဲ့ လေ့လာရေးခရီးစဉ် သွားရောက်ဖို့ အရွေးချယ် ခံခဲ့ရပါတယ်။

အသက် ၁၆ နှစ်အရွယ် Ferrovit သံဓာတ်အားတိုးဆေး ကြော်ငြာမော်ဒယ်လ် ဟန်သီဟာ ဂျပန်နိုင်ငံ အိုကီနာဝါကို ရက် ၂၀ အကြာ သွားရောက်ခွင့် ရရှိတာ ဖြစ်ပါတယ်။ သူ့ရဲ့ လေ့လာရေးခရီးစဉ်ကတော့ ဒီနေ့ သြဂုတ်လ ၁ ရက်နေ့မှာ အစပြုပြီဖြစ်ပြီး ၂၂ ရက်နေ့မှာ ပြန်ရောက်ပါမယ်။

ဟန်သီကတော့ မာဂျာ – ဂျပန်ပြန် ပညာသင်ဟောင်းများ အသင်း (Maja – Myanmar Association Of Japan Alumni) က ဖွင့်လှစ်တဲ့ ဂျပန်ဘာသာစကား သင်တန်းကျောင်းမှာ တက်ရောက်သင်ယူခဲ့တာ ဖြစ်ပါတယ်။

အဲဒီမာဂျာက မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနဲ့ ပူးပေါင်းပြီး ဂျပန်ဘာသာကနေ မြန်မာဘာသာကို ပြန်ဆိုပွဲ ပြုလုပ်ခဲ့ရာမှာ ယှဉ်ပြိုင်တဲ့သူ ဦးရေ ၆၀ ကနေ ၈၀ လောက်အထိ ရှိတဲ့အနက် အရွေးချယ်ခံရသူ ၃ ယောက်ထဲမှာ ဟန်သီက ပထမဆု ရရှိခဲ့တယ်လို့ သိရပါတယ်။

ပြိုင်ပွဲဝင်တွေကို ရန်ကုန် တက္ကသိုလ်က မြန်မာစာ ပါမောက္ခနဲ့ ဂျပန် စာရေးဆရာ တဦးတို့ ပူးပေါင်းပြီး ရွေးချယ်ကြတာ ဖြစ်ပါတယ်။

မော်ဒယ်လ် ဟန်သီက “ကြိုက်နှစ်သက်ရာ ခေါင်းစဉ်ကို ပြိုင်တဲ့သူက ရွေးပြီး ပြိုင်နိုင်ပါတယ်။ ညီမက အဲဒီပြိုင်ပွဲကနေ Orientation and Farewell Asian Youth Development (Okinawa) 2013 Speech & Translation Contest မှာ Winner တယောက်အဖြစ် ရွေးချယ် ခံရတယ်။ ဒါကြောင့် ဂျပန်နိုင်ငံ အိုကီနာဝါကို သွားရောက်ဖို့ စေလွှတ်ခြင်း ခံရတာပါ။ ဟိုမှာ လေ့လာရေးသွားရင်း ဧည့်ခံပွဲ လုပ်ပေးမယ် လို့လည်း ဟြေပါတယ်။ လေ့လာရေး အတွက် နေရာအနှံ့ လိုက်ပို့ပေးမယ်၊ ညီမတို့ နိုင်ငံက အထင်ကရရှိတဲ့၊ ကမ္ဘာကသိတဲ့ ဘုရားတွေ၊ နေရာတွေ အကြောင်း ကိုလည်း ညီမတို့က ဟိုရောက်ရင် ပြန်ဟြေပြပေးရမယ်။ အဲဒီလို ကိုယ့်နိုင်ငံ အကြောင်းတွေကို သိအောင် ဟြေပြ ရမယ် ဆိုတဲ့အတွက်ရော၊ ပညာတော်သင်အနေနဲ့ သွားရောက် လေ့လာရမယ်ဆိုတဲ့ အတွက်ရော ညီမ အရမ်းပျော်ရွှင်ပြီး ဂုဏ်ယူမိပါတယ်” လို့ ဧရာဝတီကို ဟြေပါတယ်။

ဂျပန်နိုင်ငံသို့ လေ့လာရေးခရီးစဉ် အရက် ၂၀ သွားခွင့်ရတဲ့ မော်ဒယ်လ်ဟန်သီ (ဓာတ်ပုံ – ဂျေပိုင်/ ဧရာဝတီ)

ဧရာဝတီ

No comments:

Post a Comment