Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 7, 2013

Banana Song - Minions cover(Despicable me 2 trailer cover)

Music Crazies


Group Justus ဆိုတဲ့ cover band လေးကို Music Crazies တွေသတိထားမိကြလားမသိဘူး...
အဲဒီ Band မှာ အဖွဲ့ဝင်လေးယောက်ရှိပြီးတော့ Youtube မှာ Cover သီချင်းတွေတင်နေရင်းနဲ့ အခုဆိုရင် ပရိတ်သတ်အခိုင်အမာရှိနေပါပြီ....
လောလောဆယ်အထိမှာ ဒီအဖွဲ့ရဲ့ Cover သီချင်းစုစုပေါင်း ၁၃ ပုဒ်ရှိနေပါပြီ...
အဲဒီထဲကမှ Heal the world..One More Night အပြင် ကိုးရီးယားသီချင်း၃ပုဒ်ကို cover ပြန်လုပ်ပြီးဆိုထားတဲ့သီချင်းတွေက လူကြိုက်များပါတယ်။
အဖွဲ့အနေနဲ့ နောက်ထပ်လည်း Own Tune Album တွေထွက်ဖို့အတွက် အစီအစဉ်ရှိပါတယ်...တဲ့

အခု သူတို့အဖွဲ့ရဲ့ နောက်ဆုံးဆိုထားတဲ့ Cover သီချင်းကောင်းလေးနှစ်ပုဒ် Share ပါ့မယ်...

ပထမသီချင်းကတော့ အခုအရမ်းခေတ်စားနေတဲ့ Despicable Me 2 ထဲက Minion လေးတွေရဲ့ Banana Song ကို Cover ပြန်လုပ်ထားတာပါ...
အဲဒါလေးက ရယ်လည်းရယ်ရပြီး နားထောင်ပြီးရင် ကြိုက်ကြမှာပါ...

နောက်သီချင်းတစ်ပုဒ်ကတော့ Adele ရဲ့ Someone like you ပါ...
နာမည်ကြီးအဆိုတော်ရဲ့ အရမ်းကောင်းပြီး အရမ်းအောင်မြင်ခဲ့တဲ့သီချင်းဆိုတော့... ပြန်ဆိုတဲ့ Cover က တော်ရုံတန်ရုံဆိုရင် နားထောင်လို့အဆင်မပြေနိုင်ပါဘူး...
ဒီ Cover ကတော့ တော်တော်လေးအဆင်ပြေပါတယ်...

Group Justus ရဲ့ Cover တွေကို သဘောကျတယ်ဆိုရင် Youtube က သူတို့ရဲ့ Channel မှာသွားပြီး နားထောင်လို့ရပါတယ်..
အားလုံးပဲ အဆင်ပြေကြပါစေ...



Despicable Me 2 Cover- https://www.youtube.com/watch?v=tf7iI56EPNA

Someone Like You Cover- https://www.youtube.com/watch?v=xPwUvVDcKuU

(admin-lonelymoon)

No comments:

Post a Comment