Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 5, 2013

Appleနှင့် Samsung မူပိုင်ခွင့်အငြင်းပွားမှု အမေရိကန်က ဗီတိုအာဏာသုံး ဖြေရှင်း၍ Apple ကိုအနိုင်ပေး

Appleနှင့် Samsungတို့၏ မူပိုင်ခွင့် အငြင်းပွားမှု ကိစ္စတွင် အမေရိကန် အစိုးရက ဗီတို အာဏာသုံး ကြားဝင် ဖြေရှင်းမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ Appleနှင့် Samsungတို့သည် မိုဘိုင်းလ်ဖုန်း ဈေးကွက်လုပွဲတွင် ပြင်းပြင်းထန်ထန် အားပြိုင်နေသော ကုမ္ပဏီကြီး နှစ်ခုလည်း ဖြစ်သည်။ စနေနေ့က အမေရိကန် သမ္မတ ဘာရတ် အိုဘားမား၏ ဗီတို အာဏာဖြင့် ပြဋ္ဌာန်းသည့် အမိန့်အရ မူပိုင်ခွင့်ချိုးဖောက်ခဲ့သော Apple၏ ထုတ်ကုန်များ အမေရိကန် ပြည်တွင်းသို့ တင်ပို့ ရောင်းချခွင့်ကို ပိတ်ပင်ထားမှုကို ပြန်လည် ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။
Samsung၏ မူပိုင်ခွင့် သတ်မှတ်ချက် Samsung Electronics Co. (005930)ကို Appleက ကူးယူထားကြောင်း ဖော်ထုတ် တွေ့ရှိပြီးနောက် သောကြာနေ့က အမေရိကန် နိုင်ငံတကာ ကုန်သွယ်ရေး ကော်မရှင် (ITC)က Apple၏ AT&T iPhone 4S ,iPhone 4 , 3G model ipad 2 ,ipad 1 တို့ကို အမေရိကန်သို့ တင်ပို့ရောင်းချ ခွင့်ကို ပိတ်ပင်ခဲ့သည်။ အဆိုပါ မူပိုင်ခွင့်သည် အချက်အလက် ထုတ်လွှင့်မှု နည်းပညာ တစ်ရပ်နှင့် အကျုံးဝင်သည်။ သို့သော် ယခုအခါ အမေရိကန် အစိုးရက ဗီတိုအာဏာဖြင့် ကြားဝင်လာခြင်း ဖြစ်သည်။
ITC၏ ဆုံးဖြတ်ချက်ကို သမ္မတ တစ်ဦးက ဗီတိုအာဏာသုံး ကြားဝင် ပယ်ဖျက်မှုသည် (၁၉၈၇)ခုနှစ်က ရော်နယ်လ်ရေဂင် လက်ထက်တွင် နောက်ဆုံးအကြိမ် ကျင့်သုံးခဲ့ဖူးသည်။ ITC၏ သွင်းကုန် ပိတ်ဆို့မှုတွင် AT&T iPhone 4S ,iPhone 4 , 3G model ipad 2 ,ipad 1 အစရှိသည့် Apple ထုတ်ကုန်ဟောင်းများပေါ် သက်ရောက်စေမည် ဖြစ်သည်။ လက်ရှိ အမေရိကန် ဈေးကွက်သို့ အဆိုပါ ပစ္စည်းများ တင်သွင်းခွင့် မရတော့သော်လည်း ရှိနှင့်ပြီး ထုတ်ကုန်များကိုမူ AT&Tနှင့် Best Buy Co.တို့ကဲ့သို့ လုပ်ငန်းများဖြင့် ဆက်လက် ရောင်းချခွင့် ရှိမည် ဖြစ်သည်။ သို့သော်လည်း တက္ကဆက်စ်နှင့် အလက်စကားတို့တွင်မူ AT&Tနှင့် T-Mobile USကဲ့သို့ ကွန်ရက် ကုမ္ပဏီများအတွက် ဒီဇိုင်းထုတ်ထားသော Apple ထုတ်ကုန်များအတွက် လက်ရှိ ဈေးကွက်ထဲတွင် ရောင်းချနေသော ထုတ်ကုန်ဟောင်းများကိုပါ တားမြစ်စေသည်။ ယင်းအချက်အလက်များ အားလုံးကို အမေရိကန် သမ္မတ၏ ဗီတိုအာဏာဖြင့် ပယ်ချလိုက်ခြင်း ဖြစ်သည်။
Appleအနေဖြင့် ၎င်း၏ အရောင်းဝက်ဘ်ဆိုက်တွင် အဆိုပါ တင်သွင်းခွင့် ပိတ်ပင်ခံ ပစ္စည်းများကိုပါ အရောင်းစာရင်းမှ ပယ်ဖျက်ပေးရန် ITCက ကနဦး ဆုံးဖြတ်ခဲ့သည်။ အမေရိကန် အစိုးရ၏ ကြားဝင်ဆောင်ရွက်မှုကို Appleက ကြိုဆိုကြောင်း ပြောဆိုခဲ့သော်လည်း Samsungကမူ အလွန်အမင်း စိတ်ပျက်မိကြောင်း ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် တောင်ကိုရီးယား အစိုးရကလည်း Samsung၏ မူပိုင်ခွင့် ပြဿနာတွင် အမေရိကန် အစိုးရက ကြားဝင်မှုအပေါ် စိတ်ပျက်မိကြောင်း ကြေညာခဲ့သည်။

Ref & Credit: Planet Myanmar Network

No comments:

Post a Comment