Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 11, 2013

Sexy Post နှင့် ဝေဖန်မှုများကြားက သရုပ်ဆောင် ရိုတနှင့်အမေးအဖြေ


  • လတ်တလောတွင် အင်တာနက် စာမျက်နှာများ၌ လူပြောများနေသည့် သရုပ်ဆောင်မော်ဒယ်လ် ရိုတ ၏Sexy pose ဟုဆိုသော ဓာတ်ပုံကိစ်္စနှင့်ပတ် သက်၍ အသက် ၂၅ နှစ်အရွယ်ရှိ ရိုတ နှင့် ပြည်မြန် မာနေ့စဉ်သတင်းစာတို့ တိုက် ရိုက်အင်တာဗျူးကြည့်ဖြစ်ခဲ့သည်။ ရိုတ၏ ပြောကြားချက်များအရ ၎င်းင်းအနေဖြင့် ကြို တင်ပြင်ဆင်ထားခြင်းမရှိ၊ အတွေ့အကြုံ လည်းမရှိသည့်အတွက် အလုပ်သဘော အရ ရိုက်ဖြစ်ခြင်းသာဖြစ်သည်ဟု သိရ သည်။ ဝေဖန်ချက်ပေါင်းများစွာအတွက် ရိုတ၏ ဖြေကြားချက် များ ကို ရေးသား ဖော်ပြလိုက်ပါသည်။

    မေး - ရိုတရေ မင်္ဂလာပါ။ လတ်တလော လူပြောများသွားတဲ့ ရိုတရဲ့Sexy Pose လေး ရိုက်ဖြစ်သွား ပုံကို ပြောပြပေးပါဦး။

    ဖြေ - Oasis ဂျာနယ်ကအစ်မက ကျွန် တော့်ကှိုနထပ ဏသျအ ရိုက်ဖို့ပြောတယ်။ရှေ့မှာလည်း ကျွန်တော့်အရင် ရိုက်ထား သူတွေအများကြီးရှိတယ်လို့ပြောတယ်။ ကျွန်တော်လည်း အတွေ့အကြုံမရှိပါဘူး။ ကြိုတင်ပြင်ဆင်ထားတာလည်းမရှိဘဲနဲ့ ရိုက်ဖြစ်သွားတာပါ။ ဘယ်လိုနေရမလဲဆို တာလည်း မသိခဲ့ပါဘူး။ ကျွန်တော် နည်း နည်းရိုင်းသွားသလားဆိုတာ သေချာမသိ ခဲ့ပါဘူး။

    မေး - ဒီပုံကိုကြည့်ပြီး ဝေဖန်မှုတွေမျိုးစုံ ဖြစ်လာတယ်။ ဖေ့ဘုတ်စ်မှာလည်း မှတ် ချက်တွေအ များကြီးတွေ့မှာပေါ့။ ဒီအပေါ် မှာ ဘာတွေပြောချင်လဲ။

    ဖြေ - ကျွန်တော်ပြောချင်တာက ကျွန် တော်အလုပ်လုပ်နေတာပါ။ နာမည်ကြီးဖို့ လုပ်စားတာလည်း လုံးဝ မဟုတ်ပါဘူး။ ဒီ ပုံတွေတင်ပြီးတဲ့နောက်မှာ အရင်က အင် တာနက်မှာလူသိတာ ၂၀ ရာခိုင်နှုန်းဆိုရင် အခု နောက်ထပ် ၃၀ ရာခိုင်နှုန်းထပ်တိုး သွားတယ်လို့ယူဆပါတယ်။ နာမည်ကြီး ချင်ရင် တခြားနည်းတွေအများကြီးပါပဲ။ ဥပမာပြောရရင် လိင်တူဆက်ဆံတာတွေ၊ ဖိုမဆက် ဆံတာတွေ ကို အတုလုပ်ပြီးYou Tube တို့ဘာတို့မှာတင်လို့ရတာပေါ့။ ဒီပုံကို ဝေဖန်မှုတွေခံရတော့ တော်တော် အံ့သြမိတယ်။ ကျွန်တော်က အနုပညာ ရှင်ဖြစ်နေလို့ အလုပ်ရှင်ရဲ့ဆန်္ဒအတိုင်း လုပ်တ တ်သလောက်လုပ်ပေးတာပါ။ ဖေ့ဘုတ်စ်ပေါ်ကို တင်တယ်ဆိုတာက လည်း ဂျာနယ် အတွက်ပြီး သွားလို့ ကျွန် တော်ရဲ့ကိုယ်ပိုင့်အကောင့်နှစ်ခုမှာ တင် တာပဲလေ။ အခြား ဘယ်သူကိုမှTagလုပ်တာမဟုတ်ပါဘူး။ ကျွန်တော့်Wall မှာလည်း ကြိုက်သလိုဝေဖန်သုံးသပ်နိုင် ပါတယ်လို့ ရေးပြီးသားပါ။ ဝေဖန်သူတွေ ထဲမှာ အချို့က ဆဲကြတယ်၊ ဘယ်သူ့ကိုမှ ကျွန်တော်ပြန်ပြီးတုန့် ပြန်တာမလုပ်ဘူး။ ပြောရရ င် အဲ့လိုဆဲသူ တွေထဲမှာ အချို့က မက်ဆေ့ခ်ျဘောက်ကနေ လိင်တူဆက်ဆံ လို့ရမ လားဆိုပြီးပြောလာတဲ့ အခြောက် တွေတောင်ပါတယ်။ ပြီးတော့ မှတ်ချက် ပေးတဲ့သူတွေကိုပြော ချင်တာက ကိုယ် ပေးတဲ့မှတ်ချက်ကိုသတိထားပါ။ ကိုယ် ပေးတဲ့မှတ်ချက်က ကိုယ့်အဆင့်အတန်း ကို ဖော်ပြတာပါပဲ။ ကျွန်တော်ရိုင်းတယ် ဆိုရင်တောင် သူတို့က ခပ်ရိုင်းရိုင်းမှတ် ချက်ပေးပြီဆိုတာနဲ့ သူတို့ကိုပါ လူတွေက ရိုင်းတဲ့သူတွေလို့ သတ်မှတ်သွားနိုင်တယ်။ ကိုယ့်ပရိုဖိုင်မှာ ဓာတ်ပုံတောင်မတင်ဘဲနဲ့ ဝေဖန်သူတွေ၊ မှတ်ချက်ရိုင်းရိုင်းပေးသူ တွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ သူတို့ကိုလူတွေက ရိုင်းတယ်လို့ ထင်ကုန် ပါလိမ့်မယ်။ ပြီးတော့ အကောင့်တုတွေနဲ့ လာပြီးပြောတာတွေကို စိတ် မကောင်းဖြစ် မိပါတယ်။ မင်းသားတစ်ဦးဆိုရင် ကျွန် တော့်ကို ဒီလိုမျိုးပုံတွေ ထပ်မတင်ဖို့ပြော လာပါတယ်။ ပြီးတော့ ပြောချင်တာက မော်ဒယ်လ်အမျိုးသမီးတွေ ဟိုပေါ်၊ ဒီပေါ် ပုံတွေကျတော့ အချို့က ကြိုက်လို့တောင် အားပေးကြသေးတယ်။ သူတို့ကျတော့ အောက်ပါအရည်အချင်းနဲ့ပြည့်စုံလို့လား ဗျာ။ ကျွန်တော့်အရင်ကလည်း ဒါမျိုးတွေ ရိုက်ခဲ့ဖူးတဲ့ နာမည်ကြီးသရုပ်ဆောင်တွေ ရှိပါတယ်။ ကျွန်တော့်ကျမှ ဝေဖန်ခံရ တယ်ဆိုတာ ဒီနေ့ဒီအချိန်မှာ ဒီလိုဝေဖန် ခံရမယ့်ဇာတာပါလာတာလို့ပဲ သတ်မှတ် ချင်ပါတယ်။ ယောက်ျားလေးဆိုတာက မိန်းကလေးလိုမျိုးSexy Pose ပေးဖို့ ခက် ပါတယ်။ မိန်းကလေးတွေက နှုတ်ခမ်း၊ မျက်လုံး စတာတွေနဲ့ ဘယ်လိုပုံစံထား လိုက်ရင် ဘယ်လိုပို့စ်ဖြစ်တယ်ဆိုတာ လွယ်တယ်လေ။ ယောက်ျားလေးတွေကျ တော့ ဘာကိုလုပ်ရမယ်ဆိုတာမသိဘူး လေ။ ယောက်ျားလေးရSexy Poseက ပြည့်စုံဖို့မလွယ်လှပါဘူး။ ဒီလိုရိုက်ရင် ဒီ လောက်တော့ ဝေဖန်ခံရမှာပါပဲ။ ဒါကို စိုး ရွံ့နေရင် ကျွန်တော်အလုပ်ဆက်လုပ်လို့ ရမှာမဟုတ်ပါဘူး။ မှန်တယ်လို့ထင်ရင် ကျွန်တော်ရှေ့ဆက်ရမှာပါ။ ကျွန်တော် အလုပ်ဆက်လုပ်ရဦးမှာပါ။ ကျွန်တော်ကို ဘယ်သူမှထမင်းကျွေးမှာမဟုတ်ပါဘူး။

    မေး - အခုတင်ထားတဲ့Sexy Pose က နည်းနည်းပိုကြမ်းတယ်လို့ ယူဆပါတယ်။ ဒီအနေအထားကို လူတွေကဝေဖန်နေကြ တယ်။

    ဖြေ - ယောက်ျားလေးက အတွင်းခံနဲ့ ရိုက်ရင်တော့ ““ဖု”” နေမှာပဲလေ။ မိန်းက လေးလည်း အတွင်း ခံနဲ့ဆိုရင် ““ဖု””နေတာ ပဲဆိုတာ သိမှာပါ။ ဒီလောက်မိန်းကလေး တွေ ၀တ်စားဆင်ယင် မှုကြမ်းနေ တဲ့ခေတ် ကြီးမှာ ကျွန်တော်တို့က ဒီလောက်ရိုက်ပြ တာကို ကြမ်းတယ်၊ ရိုင်းတယ်လို့ယူဆတာ တော့ ကျွန်တော်လည်း မပြောတတ်ပါ ဘူး။ ဥပမာပြောရရင်ဗျာ မောင်ဗမာပြိုင် ပွဲတွေမှာ အမျိုးသားတွေ အတွင်းခံတွေ နဲ့ ပြိုင်တာကြတာရော ဘယ်လိုပြောမ လဲ။ သူတို့ဆိုရင် အတွင်းခံကို ကြပ်ညှပ် နေအောင်ဝတ်ထားတာ၊ မိန်းကလေးတွေ ရှေ့မှာလည်း ပြိုင်ရပါတယ်။ဒါကိုကျတော့ မြန်မာဆန် တဲ့ပုံစံနဲ့ ယှဉ်တွေးမကြည့်ပေး ဘူးလားဗျာ။ ပြီးတော့ ကျွန်တော့်Wallကနေ ဘယ်သူ့ကိုမှအနှောင့်အ ယှက်ပေး ပြီးTag လုပ်ခဲ့တာမဟုတ်ဘူးလေ။ ကျွန် တော့်ကို ဝေဖန်သူတွေလည်း ဘာမှပြော ခဲ့တာမှမ ဟုတ်တာ။ ကျွန်တောWall က ပုံကိုမကြိုက်ရင် Like မလုပ်ကြပါနဲ့လား ဗျ။ ကျွန်တော်က ကျွန်တော့်ဖေ့ ဘုတ်စ် မှာ ကျွန်တော့်ပုံတွေ မသုံးဘဲထားရင် ဟောင်းသွားမှာစိုးလို့ တင်ထားတာ။

    မေး - ကိုရိုတအနေနဲ့ မြန်မာ့ယဉ်ကျေး မှုဆိုတာကို ဘယ်လိုမြင်မိလဲ။

    ဖြေ - ယဉ်ကျေးမှုဆိုတဲ့နေရာမှာတော့ ပြောစရာတွေအများကြီးပါပဲ။ မြန်မာ ယဉ်ကျေးမှုဆန်ဆန်နဲ့ ရှိုး  ပွဲတွေမှာ ၀တ် ဆင်ပြသတာကို ကြိုက်ပါတယ်၊ လက်ခံပါ တယ်။ ကျွန်တော်လည်း မိန်းကလေှးSexy ကျကျဝတ်တာကို သဘောကျတာ ပေါ့။ ယဉ်ကျေးမှုနဲ့ယှဉ်ပြီး သတ်မှတ်မယ် ဆိုရင် အကုန်လုံးကို သတ်မှတ်ပေးစေ ချင်တယ်။ ဥပမာ- စကတ်ကို ဒူးအထက် မကျော်ရဆိုတာတွေပေါ့။

    မေး - အနုပညာရှင်တွေရဲ့ ၀တ်စားဆင် ယင်မှုဟာ ပြည်သူတွေကြားမှာ အတုယူ စရာတွေဖြစ်နေ တတ်သလို အနုပညာရှင် တွေရဲ့ ခေတ်ဆန်နေမှုနဲ့ မြန်မာ့ယဉ်ကျေး ဆိုတဲ့ ပေတံကြီးတစ်ခုက အမြဲတမ်း လွန် ဆွဲနေကြတယ်ဆိုတော့ ကိုရိုတအနေနဲ့ ကော ဒါကိုဘယ်လိုသုံးသပ်ချင်လဲ။

    ဖြေ - ၀တ်စားဆင်ယင်မှုတွေမှာ မြန်မာ ဆန်မှရယ်မဟုတ်ပါဘူး။ ခေတ်ပေါ်မှာ လည်း လုံခြုံပြီး စနစ်ကျကျ၊ စမတ်ကျကျ ၀တ်ဆင်မယ်ဆိုရင် ကောင်းပါတယ်။ ပြောရရင် ကန့်သတ်ချက် တစ်ခု လုပ်မယ် ဆိုတာနဲ့ မင်းသား၊ မင်းသမီးတွေကိုအရင် ဆုံးကန့်သတ်ရမယ်။ သူတို့မ၀တ်ရင် ဇာတ် ပို့၊ ဇာတ်ရံတွေလည်း မ၀တ်ဘူး။ အခု ဟာက နာမည်ကြီးချင်၊ ပရိတ်သတ်သိစေ ချင်လို့ အပြိုင်အဆိုင်ဝတ်ကြသလိုဖြစ်နေ တယ်။ မြန်မာမိန်းကလေးတွေအနေနဲ့ ယဉ်ကျေးပြီးစမတ်ကျတဲ့ဝတ်စားဆင်ယင် မှုဆိုရင် သဘောကျပါတယ်။

    မေး - အခုတလော အနုပညာရှင်တွေ နဲ့ မူးယစ်ဆေးသုံးစွဲခြင်းဆိုတဲ့ကိစ္စလေးက နည်း နည်းခေါင်းပြန်ထောင်လာတဲ့အနေအ ထားမှာ ကိုရိုတအနေနဲ့ရော ဘယ်လိုပြော ချင်လဲ။

    ဖြေ - မူးယစ်ဆေးကိစ်္စမှာ မကောင်းတာ မှန်းသိရင် မလုပ်တာအကောင်းဆုံးပဲ။ ကျွန်တော်လည်း ဟိုးအရင်တုန်းသုံးဖူး တယ်။ မကောင်းလို့ အခုမသုံးတော့ဘူး။ အဓိကကတော့ ကိုယ့်စိတ်နဲ့ဆိုင်တယ်။ စိတ်ထဲမှာပေါ်လာတဲ့အတိုင်း လုပ်ကြတာ ကို မပြောလိုပါဘူး။ မူးယစ်ဆေးက လူ တွေကို ပျက်စီးစေ တာပဲ။ ကျွန်တော်က တော့ မလုပ်စေချင်ဘူး။ ကျွန်တော်ဆိုရင် နယ်ကနေလာတဲ့သူ တစ်ယောက်ဖြစ်နေ လို့ ကျွန်တော့်ရည်မှန်းချက် ယိမ်းယိုင်ပျက် စီးစေနိုင်တဲ့အရာမှန်သမျှ လုံးဝမလုပ်ဘူး။

    မေး - ကိုရိုတနေချင်တဲ့စတိုင်ကရော ဘယ်လိုမျိုးလဲ။ ဥပမာ - ခေတ်လူငယ်ပုံ စံလား၊ အတည်အခန့်ပုံစံလား။

    ဖြေ - ကျွန်တော်ကတော့ လူငယ်ဆန် ဆန်ပဲ နေချင်တယ်။ ပေါ့ပေါ့ပါးပါးပဲ။ ထိန်းချုပ်ပြီးနေရတာတွေ မလုပ်ချင်ဘူး။ လူတွေရဲ့စိတ်ထွက်ပေါက်အတိုင်း ဘယ် သူကိုမှ ဒုက္ခမပေးဘဲ လွတ်လပ်စွာ နေ မယ်။ ဒီမိုကရေစီနိုင်ငံဖြစ်နေပြီပဲ။

    မေး - မြန်မာနိုင်ငံမှာ ၀တ်စားဆင်ယင် မှုနဲ့ပတ်သက်ပြီး လူတန်းစားသုံးရပ်ကွဲနေ တယ်။ လျှပ်ပေါ်လော လီအ၀တ်အစား၊ ရုံးလုပ်ငန်းအတည်အခန့်နဲ့ မြန်မာဆန် ဆန်ဝတ်စုံဆိုတာတွေပေါ့။ ကိုရိုတရော ဘယ်လိုပုံစံမြင်ချင်လဲ။

    ဖြေ - မြန်မာဖြစ်နေလို့ မြန်မာလိုနေတာ သဘောကျပါတယ်။ ခေတ်နဲ့လျော်ညီတဲ့ အ၀တ်အစားဆိုရင် လည်း အဆင်ပြေပါ တယ်။ လုံခြုံပြီးစမတ်ကျတဲ့ပုံစံဆိုလည်း ရပါတယ်။ ကျွန်တော်ကတော့ ဘယ်လို ဖြစ်ဖြစ်အဆင်ပြေတယ်။ တစ်ဆက်တည်း မှာ ကိုယ့်နိုင်ငံရဲ့ဝတ်စားဆင်ယင်မှုကို နိုင် ငံတကာလွှမ်း မိုးလာတာက ရုပ်ရှင်လော က ညံ့ဖျင်းမှုတွေလည်းပါနေပါတယ်။ ကို ရီးယားဥပမာပေါ့ဗျာ။

    မေး - နောက်ဆုံးမေးခွန်းနှစ်ခုပါ။ ကိုရို တသာ သာမာန်လူဖြစ်နေမယ်ဆိုရင် ဘယ်လိုပုံစံမျိုးနေ သွားမလဲ။ ဆိုလိုတာက ၀တ်စားဆင်ယင်မှု၊ အပြောအဆို၊ အနေ အထိုင်၊ လုပ်ရပ် စတာတွေပေါ့။ ပြီးတော့ ပရိသတ်ဘက်က ဒီပုံတွေကိုမကြိုက်ပါဘူး လို့ပြောလာရင် ဘာဆက်လုပ်မလဲ။

    ဖြေ - သာမာန်လူတစ်ယောက်ဆိုရင် တော့ ကျွန်တော်လူငယ်ဆန်ဆန်ပဲနေမိ မှာပါ။ ပရိသတ်ဘက်က မရိုက် ပါနဲ့လို့ ပြောလာရင် ပရိသတ်က ထမင်းရှင်ဆို ပေမယ့် ကျွန်တော့်ကို အလုပ်ပေးတာက ပရိုဂျူ ဆာတွေ၊ အလုပ်ရှင်တွေလေ။ သူတို့နဲ့ပရိသတ်ကြားမှာ ညှိပြီးလုပ်သွားမှာ ပါ။ ဒါမှကျွန်တော် ထမင်းစားလို့ရမှာ လေ။ ပရိသတ်က မလုပ်စေချင်ဘူးဆိုလို့ တကယ်လိုအပ်လာရင် ကျွန်တော်ပုဆိုး ၀တ်ပေးဖို့ ၀န်မလေးပါဘူး။ အလုပ်ရှင် တွေဘက်Sexy Pose ရိုက်ပေးပါဆို ရင်လည်း အဆင်ပြေသလို ရိုက်ပေးဖြစ် မှာပါ။ ပရိသတ်ကြီးကိုလည်း ပြောပေးပါ။ ရိုတရိုက်တာ ကြမ်းသွားခဲ့တယ်ဆိုရင် နောက်ဆို သတိထားပါမယ်။ ပြီးတော့ ဒါက ကျွန်တော်အလုပ်ရှင်ကို အဆင်ပြေ အောင် လုပ်ပေး ရတဲ့သဘောပါပဲ။

    ခွက်ဒစ်

    မိုးတိမ်........

No comments:

Post a Comment