Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 7, 2013

ဘရာဇီး ကမ္ဘာ့ဖလား လက်မှတ် ဈေးနှုန်း သမိုင်းတစ်လျှောက် ဈေးအသက် သာဆုံး ဖြစ်မည်ဟု ဖီဖာဆို




၂ဝ၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပွဲစဉ် လက်မှတ် ဈေးနှုန်းများကို ဇူလိုင်လ ၁၉ ရက်တွင် ထုတ်ပြန် ကြေညာမည် ဖြစ်ပြီး ပွဲစဉ် ၇ဝ ရာခိုင်နှုန်း အတွက် လက်မှတ် ဈေးနှုန်း များမှာ ယခင် ကမ္ဘာ့ဖလားပွဲ လက်မှတ် များထက် ဈေးသက်သာမည် ဟု ဖီဖာ အတွင်းရေးမှူးချုပ် Jesome Valcke က ပြောသည်။

ဖီဖာ ဥက္ကဋ္ဌ ဆက်ဘတ္တလာက ဆန္ဒ ပြမှုများ ပြင်းထန် ခဲ့သော်လည်း ကမ္ဘာ့ တိုက်ကြီးများ ဖလားပွဲ ကိုအောင်အောင် မြင်မြင် ကျင်းပနိုင်ခဲ့သည့် ဘရာဇီး နိုင်ငံအား ချီးကျူးပြောဆို ခဲ့ပြီး ၂ဝ၁၄ ကမ္ဘာ့ဖလား အတွက်မူ ဘရာဇီးနိုင်ငံ က အဆင်သင့် မဖြစ်မည်ကို စိုးရိမ်သည် ဟု ဝန်ခံ ထားသည်။

သို့ရာတွင် ၂ဝ၁၄ ကမ္ဘာ့ဖလားကို ဘရာဇီးနိုင်ငံ ကသာ လက်ခံ ကျင်းပရမည် ဖြစ်ပြီး ပွဲစဉ် လက်မှတ် ဈေးနှုန်းများကို ဇူလိုင်လ ၁၉ ရက်တွင် ထုတ်ပြန်ကြေ ညာမည်ဟု သိရသည်။ ဖီဖာ အတွင်းရေးမှူးချုပ် Jerome Valcke က ၂ဝ၁၄ ကမ္ဘာ့ဖလား ပွဲစဉ်၏ ၇ဝ ရာခိုင်နှုန်းမှာ ယခင် ကမ္ဘာ့ဖလားပွဲ များထက် ဈေးနှုန်း သက်သာမည်ဟု ဆိုထားသည်။

သို့ရာ တွင် လက်မှတ် ဈေးနှုန်းကို အသေးစိတ် ထုတ်ပြန်ပြောဆိုခြင်း မပြုခဲ့ပေ။ ၂ဝ၁၄ ကမ္ဘာ့ ဖလားနှင့် ကမ္ဘာ့တိုက်ကြီးများ ဖလားပြိုင်ပွဲ အတွက် အစိုးရက ငွေကြေး အမြောက်အမြား ကျခံသုံးစွဲမှု ကို မကျေနပ်သဖြင့် လူသိန်း၊ သန်းချီ၍ ဆန္ဒပြ မှုများဖြစ်ပွားခဲ့သော်လည်း ကမ္ဘာ့ တိုက်ကြီး များဖလားကို အောင်အောင် မြင်မြင် ကျင်းပနိုင်ခဲ့သည်။ သို့ရာတွင် ဘရာဇီး အစိုးရ အနေ နှင့် ကမ္ဘာ့ ဖလားပြိုင်ပွဲ အတွက် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ် များကို သတိထား ကိုင် တွယ်ရမည်ဟု ဖီဖာက သတိပေးမှု ပြု လုပ်ထား သည်။

No comments:

Post a Comment