Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 31, 2013

လူနာတဦးဆေးကုသဆောင်သုံးထပ်အဆောက်အဦးပေါ်မှ ခုန်ချ

ရပ်ကွက်ရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွင် ယာဘက်အာခေါ င်၌ အကြိတ်ပေါက်နေ ၍ ခွဲစိတ် ကု သရန် အတွင်းလူနာအဖြစ် တက်ရောက်ဆေးကုသနေသူ မမေဖြိုးအောင်၊၂၈နှစ်၊ (ဘ)ဦးမောင်အေး၊ သုံးအိမ်ကျေးရွာ၊ တွံတေးမြို့နယ်
သူသည်ဆေးကုသဆောင် သုံးထပ်အဆောက်အဦးပေါ်မှ ခုန်ချခဲ့၍ ၎င်းတွင် ယာပါးဖူးယောင် ဆုတ်ပြဲဒဏ်ရာ၊နောက်စေ့ဖူးယောင်ဒဏ်ရာ၊အပေါ်သွားနှစ်ချောင်းကျိုးဒဏ်ရာ၊ ယာလက်ဖျံကျိုး၊ ယာပေါင်ကျိုးဒဏ်ရာများရရှိခဲ့သဖြင့် ၀၄၂၅အချိန်တွင် ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိပြီး အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် တက်ရောက်ကုသလျက်ရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment