Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 17, 2013

ဆိုတေး ရဲ့အဖေဖြစ်သူရဲ့ ရှင်းလင်းချက်။

ll Published on Jul 17, 2013 ဆိုတေးရဲ့ ဇနီးဖြစ်သူ မချောချောရဲ့ မိဘတွေက ချောချောဆုံးသွားတဲ့အတွက် ရန်ကုန်က ကျွန်တော့်အိမ်မှာတည်းခိုပြီး အသုဘကိစ္စတွေစီစဉ်နေတာပါ။ သူတို့အားလုံးဝမ်းနည်းနေတုန်း အင်တာနက်ပေါ်မှာ ဆိုတေးနဲ့ သူ့ဇနီးဟာ မူဆလင်ဖြစ်ကြောင်း၊ ချောချောက လဲ ဆိုတေးရဲ့ဇနီးမဟုတ်ကြောင်း၊ဆိုတဲ့ မမှန်တဲ့သ တင်းတွေထွက်လာတဲ့အပြင် ဆိုတေးရဲ့ ဇနီးဆိုသူတစ်ယောက်ကလဲ ပေါ်ထွက်လာတဲ့အတွက် ဒီvideo ကိုဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ ဒီvideo ကိုတင်ပြီးတဲ့နောက်မှာ အဆိုးမြင်ဝါဒီတွေက အမှားရှာပြီး တိုက်ခိုက်မယ်။ အကောင်းမြင်ဝါဒီတွေက ပြန်လည်ခြေပမယ်။ ရိုင်းတဲ့သူက ဆဲမယ်။ ဘာသာရေးအနေနဲ့တိုက်ခိုက်လိုသူက ဆိုတေးအဖေက မူဆလင်ဖြစ်တယ် ဗုဒ္ဓဘာသာဆိုတာညာတာဖြစ်တယ်ဆိုပြီး ပြောလိမ့်မယ်။လူအမျိုးမျိုး စိတ်အထွေထွေဖြစ်တာကြောင့် ဒီvideo ရဲ့ အောက်က comment တွေက ကာလာစုံမယ်ဆိုတာကို ဒီvideo တင်တဲ့သူ အနေနဲ့ သိပြီးသားဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒါတွေကြိုသိပြီးသားလဲ ဖြစ်တာကြောင့် စိတ်အနှောင့်အရှက် အဖြစ်ခံပြီး ဒီvideo အောက်က comment တွေကိုလဲ ထပ်ကြည့်ဖြစ်မှာမဟုတ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

No comments:

Post a Comment