Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 11, 2013

ရထားရှေ့သို့ ဒိုင်ပင်ပစ်ဝင်ကာ အကြိတ်ခံသဖြင့် သေဆုံး

 ရန်ကုန်၊ ဇူလိုင် ၁၁

၁၁.၇.၂၀၁၃ ရက်နေ့ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်၊(၁၆)ရပ်ကွက်၊ အမှတ်(၂)လမ်းမနှင့် အနော်ရထားလမ်းဆုံ၊ မီးရထားသံလမ်း၊ မိုင်တိုင်အမှတ် ၈/၁၆ အနီးတွင်လူတစ်ဦးရထားကြိတ်၍
သေဆုံးနေကြောင်းသတင်းအရ ဒဂုံ(အရှေ့)မြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ကိုမြင့်အေး၊
(၃၅)နှစ်၊ (ဘ)ဦးအောင်ကြီး၊၁၅ ရပ်ကွက်၊ဒဂုံမြို့သစ်(အရှေ့)မြို့နယ်
နေသူဖြစ်ပြီး ၎င်းမှာ ၁၅၃၀ အချိန်ခန့်တွင် အခင်းဖြစ်နေရာ၌
ရန်ကုန်-မန္တလေး အမှတ်(၅)အဆန်အမြန်ရထားမှမောင်းနှင်လာစဉ် လက်ပြပြီး ရထားရှေ့သို့ ဒိုင်ပင်ပစ်ဝင်ကာအကြိတ်ခံခဲ့၍ ဦးခေါင်းကြေမွဒဏ်ရာ၊ ယာလက်မောင်းပြတ်ဒဏ်ရာတို့ဖြင့်
သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ဒဂုံ(အရှေ့)မြို့မရဲစခန်း
သေမှုသေခင်းအမှတ်စဉ် (၈/၂၀၁၃) ဖွင့်လှစ်စစ်ဆေးလျက်
ရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment