Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 10, 2013

ယွန်းဝတီလွင်မိုး ရဲ့ မိခင်ဖြစ်သူ ဒေါ်မေသူရေးတဲ့စာ

ကျွန်မ၏သမီး ယွန်းဝတီသည်Auguest လဆန်းတွင် ပြောင်းရွှေ့သည့်ကျောင်းအသစ်၌ စပြီးတက်ရောက် ရမည် ဖြစ်၍ကျောင်းပိတ်ထားသည့်အချိန် အတွင်းလက်ခံထား သည့်ကြော်ငြာများကို ပြီးပြတ်အောင် ရိုက်ကူးခြင်း၊ မဂ္ဂဇင်း ဓါတ်ပုံများ ရိုက်ကူးပေးခြင်း တို့ဖြင့် အလုပ်များ နေသည့်အချိန်တွင် သား သမီးချင်းကိုယ်ချင်းမစာစွာဖြင့်မိမိဂျာနယ်စောင်ရေတက်ရေးကိုသာ
ကြည့်ပြီး အရွယ် မရောက်သေး သူမြန်မာ အမျိုးသမီး ၊ ကလေးအရွယ်သာရှိသေးသော
မိဘ၏အုပ်ထိမ်းမှူ့အောက်တွင်ရိုးသားစွာကြိုးစားနေသော  ကလေး အား မဟုတ်မမှန် လုပ်ကြံ
ဖန်တီးထားသော သတင်းကို ဖေါ်ပြခဲ့သည့်သတင်း အယ်ဒီတာအဖွဲ့အား Voice သတင်းစာ ၊ အလင်းတန်း ဂျာနယ် နှင့် ၊ ထိုဂျာနယ် ၏ စာမျက်နှာတို့မှတဆင့် တောင်းပန်လွှာများဖေါ်ပြပေးရန် တောင်းဆို ခဲ့ပြီးကြေအေးပေး ခဲ့ပါသည်။
ထိုအတွက်သားသမီးချင်းကိုယ်ချင်းစာကာ ကူညီပေးခဲ့သူမီဒီယာများမှလူကြီးမင်းများဥပဒေ ပညာရှင် များ ၊ သူငယ်ချင်းများမိဘဆွေမျိုးများ ၊ ပရိတ်သတ်များအားလုံးအား ကျေးဇူး အထူး တင်ရှိပါသည်။
(နောက်နောင် ကလေးနှင့်ပါတ်သက်၍ ပရိသတ် အထင်အမြင်လွဲစေရန် မဟုတ်မမှန်သတင်းများ ဖော်ပြခြင်းပြုလျှင် တရားဥပဒေအရသာဖြေရှင်း သွားမည်ဖြစ်ပါသည်)

1 comment:

  1. ဟုတ်တယ် အန်တီ ဒီ့ထက်ပိုပြီးလုပ်သင့်တယ် သား သမီး ချင်း ကိုယ်ချင်းမစာကျဘူး ပိုက်ဆံ၇ပြီးေ၇ာ ဆိုတဲ့သဘောတွေ ........ယွန်းဝတီလွင်မိုးကို အားပေးပါတယ်........အန်တီ

    ReplyDelete