Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 15, 2013

`အဆိုတော်ဆိုတေး´အသက်အန္တရာယ်စိုးရိမ်စရာ မလိုတော့ကြောင်း ဖခင်ဖြစ်သူပြောကြား

ဒီနေ့မနက်ပိုင်း (15.7.2013)ရက်မှာ နောက်ဆုံးရရှိတဲ့ သတင်းများအရ အဆိုတော်ဆိုတေးဟာ အသက်အန္တရာယ်စိုးရိမ်စရာ မရှိတော့ကြောင်း သူ၏ ဖခင်ပြောကြားချက်အရသိရပါတယ်။

 ``အားလုံးအခြေအနေကောင်းသွားပြီလို့ဆရာဝန်ကြီးတွေကပြောပါတယ်။ ခေါင်းကိုပြင်းပြင်းထန်ထန်ထိထားတာရယ်။ ဆေးအရှိန်တွေရယ်ကြောင့် သတိရဖို့တော့နည်းနည်းကြာမယ်လို့ပြောပါတယ်။ ဆရာဝန်တွေကလည်းတောက်လျှောက်စောင့်ကြည့်နေကြပါတယ်။ မန္တလေးဆေးရုံကြီးမှာလည်းသားရဲ့ ပရိသတ်တွေက စိုးရိမ်တကြီးနဲ့ လာပြီးကြည့်ကြ ၊ သတင်းတွေမေးကြပါတယ်။ အနယ်နယ်အရပ်ရပ်က ပရိသတ်တွေကလည်း ဖေ့စ်ဘွတ်ပေါ်ကသတင်းတွေကြားပြီး အိမ်ကိုဖုန်းဆက်မေးကြတယ်။ စိုးရိမ်ကြ၊သတင်းမေးကြတဲ့သူတွေအားလုံးကို သားကိုယ်စားကျေးဇူးတင်ပါတယ်´´ လို့ဆိုတေး၏ဖခင်ဖြစ်သူ ဦးတင်မြင့်ကဒီနေ့မနက်ပိုင်း ၁၁နာရီ ၃၀မိနစ်ကSunday ဂျာနယ်ကိုပြောကြားခဲ့ပါတယ်။

သတင်း/သိမ်မွေ့

Sunday Journal

No comments:

Post a Comment