Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 21, 2013

နှစ်လကျော် ရပ်နားထားသည့် I.C ရှိုးပွဲ ဇူလိုင် ပြန်စမည်




ရန်ကုန်တွင် နှစ်လကျော် ရပ်နား ထားသည့် I.C ရှိုးပွဲကို ဇူလိုင်လ ထဲတွင် ပြန်လည် စတင်နိုင်ကြောင်း မျိုးကြီးက ပြောသည်။ ”ဇူလိုင်လ ကုန်ပိုင်းလောက် ဖြစ်မယ် ထင်ပါတယ်။ ရက် အတိအကျတော့ မသိသေးဘူး။ I.C က ညီအစ်ကိုတွေ အပြင် အခြား ဘယ်သူတွေပါ ဦးမလဲ ဆိုတာ တော့ အဲဒီလ ထဲရောက်မှ သိရမှာပါ”ဟု ၄င်းက ပြောသည်။

အဆိုပါ I.C ရှိုးပွဲကို Bagan Entertaiment မှ စီစဉ် ဆောင်ရွက်မည် ဖြစ်ပြီး ပွဲနေရာကို သတ်မှတ် ထားခြင်း မရှိသေးကြောင်း သိရသည်။ လတ်တလော အနုပညာ လှုပ်ရှားမှု အနေဖြင့် မြန်မာနိုင်ငံ မသန်စွမ်း အားကစား အဖွဲ့ချုပ်မှ စီစဉ်သည့် ရန်ပုံငွေ ဘောလုံး ပွဲတွင် ဂီတ အနုပညာ ရှင်များ အသင်းမှ ပါဝင်ခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။

Iron Cross ဂီတအဖွဲ့ တွင် အမာခံ အဆိုတော် များဖြစ်သည့် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း တို့ သည် ပြီးခဲ့သည့် သင်္ကြန်၌ ရန်ကုန်တွင် နောက်ဆုံး ဖျော်ဖြေခဲ့ခြင်း ဖြစ်သည်။ I.C ရှိုးပွဲများ တွင် မျိုးကြီးသည် ပရိသတ် အများဆုံး ကြိုက်နှစ်သက်သည့် အဆိုရှင် တစ်ဦးဖြစ်ပြီး လက်ရှိတွင် ကျောက်စာများ၊ လေပြေ၊ အပြန်လမ်း၊ အခမ်းနားဆုံး၊ ဆန့်ကျင်ဘက်၊ နိစ္စဓူဝ၊ ယူလိုက်၊ Live in Yangon 1,2 စသည့် တစ်ကိုယ်တော် တေးစီးရီးများ ထွက်ရှိ ထားခဲ့ပြီး အတွဲခွေများ အဖြစ် ရာစုသစ်၊ LMN အခွေများ ထွက်ရှိထားကြောင်း သိရသည်။

No comments:

Post a Comment