
Wednesday, June 19, 2013
၁၉၉၀ ခုနှစ်ကစလို့ ၂၀၀၅ ခုနှစ်အထိ ဆက်တိုက်ထုတ်လုပ်ခဲ့တဲ့ NSX ဟွန်ဒါ ပြိုင်ကားများ ရပ်တန့်ခဲ့ပါတယ်။ ယခု ဒါကို ပြန်လည် အသက်သွင်းလို့ NSX Acura အဖြစ် အမည်ပေးပြီး စတင်တော့မှာ ဖြစ်ပါတယ်။
သို့ပေမယ့် ၂၀၁၅ မော်ဒယ်ဖြစ်တဲ့အတွက် ဒီနှစ်လည်းထွက်မှာ မဟုတ်ပါဘူး။ နောက်နှစ်လယ်မှ ထွက်မှာ ဖြစ်ပါတယ်။ အနည်းဆုံး အင်ဂျင်ပါဝါ ၃၈၀၀ စီစီ ၈လုံးပူး V အင်ဂျင်ကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဂီယာ ၈ချက် အော်တို၊ လက်ထိုး နှစ်မျိုးလုံးနဲ့ Sport ဗားရှင်း၊ မြို့ သုံး ဗားရှင်း ထွက်ရှိမှာ ဖြစ်ပါတယ်။
ယခင်က ထုတ်လုပ်ခဲ့တဲ့ Honda NSX လို့တောင် မဆိုရပါဘူး။ ဒီဇိုင်းအားဖြင့် ကလည်း သိသိသာသာကို ပြောင်းလဲသွားပါတယ်။ ပြီးတော့ ပြိုင်ကား ပုံစံထက် ပြိုင်ဆလွန်းဘက်ကို နည်းနည်း ဆန်တဲ့ ဒီဇိုင်းကို တွေ့မြင်ရဲပြီး LED မီးလုံးများနဲ့ ယခုလို လှပနေတာကို မြင်တွေ့ ရပါတယ်။
--
Ref: autoblog
colayautomible
No comments:
Post a Comment