Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 18, 2013

ကောင်းကင်ပျောက်သွားတဲ့ လမင်း

Moon images: Top of Gaisberg and rising moon 
အချိန်တန်လို့မှ
အိမ်ပြန်မရောက်နိုင်သေးတဲ့ သားတစ်ယောက်ကို
အိမ်တံခါးပေါက်က အမေစောင့်နေလိမ့်မယ်ဆိုတာ
သားခံစားမိပါတယ် အမေ။

ဟို့ မိုးကောင်းကင်အမြင့်မှာ
ပျံလွှားငှက် တချို့ကိုမြင်တိုင်း
ဝမ်းနည်းမိတယ် အမေ။

တစ်ခါတလေ
ကောင်းကင်က ကြယ်ကြွေတွေငေးပြီး
ဆုတောင်းကြည့်တော့။
ကောင်းကင်ပျောက်သွားတဲ့ လမင်းက
သာခွင့်မရှိတော့ဘူးတဲ့လေ။

ဒီလိုနဲ့...
မိုးပြိုမှာစိုးလို့ ဝပ်ကျင်းရှာရင်း
ရှေ့မတိုးနိုင် နောက်ဆုတ်မရနဲ့
မလှုပ်သာ မလွန့်သာ
သံသရာ ဒုက္ခတွင်းထဲက
ရုန်းထွက်မရလောက်တဲ့အထိ
နေသားတကျ ဖြစ်သွားပါပြီ။။။

No comments:

Post a Comment