Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 2, 2013

ကုန်းဘောင်ခေတ် နှောင်းပိုင်းလက်ရာ ရှေးဟောင်း သစ်ကျောင်းတော်ကြီးများ ပြုပြင်ထိန်းသိမ်းရန်လိုအပ်



6.1.14

ကုန်းဘောင်ခေတ်နှောင်းပိုင်းလက်ရာ သစ်ကျောင်းတော်ကြီး တစ်ခုဖြစ်သော မဟာမင်းထင်ကျောင်းတိုက်

မန္တလေးမြို့ရှိ ကုန်းဘောင်ခေတ်နှောင်းပိုင်း လက်ရာများဖြစ်သည့် သစ်သားပန်းပုဖြင့် တည်ဆောက် ထားခဲ့သော ရှေးဟောင်းဘုန်းတော်ကြီး ကျောင်းများအား လက်ရှိအချိန်တွင် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ် ရန် လိုအပ်လျက်ရှိနေကြောင်း သိရသည်။

အဆိုပါ ရှေးဟောင်း မြန်မာဘုန်းတော်ကြီး ကျောင်းများမှာ သက်တမ်းနှစ် ၂၀၀ ၀န်းကျင်ကို ရောက်ရှိလာပြီ ဖြစ်သောကြောင့် ရှေးမူမပျက် ဆက်လက်ထိန်းသိမ်း နိုင်ရေးအတွက် ပညာပေးမှုများ ပြုလုပ်သင့်ကြောင်း လည်း သမိုင်းပညာရှင်များက သုံးသပ်ခဲ့ကြသည်။

''ကျောင်းတော်ကြီးရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၁၅၀ ကျော်လာခဲ့ပါပြီ။ ကျောင်းတော်ကြီးကို ကျွန်းသစ်တွေ နဲ့ တည်ဆောက်ထားတာကြောင့် နှစ်ကာလကြာမြင့်လာတာ နဲ့အတူ ပျက်စီးယိုယွင်းမှုတွေ ပိုဖြစ်လာပါ တယ်။ ရှေးဟောင်းသုတေသန ဌာနကနေ ပြုပြင်ထိန်းသိမ်းမှုတွေ ပြုလုပ်ပေးနေပေမယ့် လက်ရှိအချိန်မှာ ပြုပြင်ထိန်းသိမ်းနိုင်ဖို့ရာ အတွက် အလှူရှင်တွေ လိုအပ်နေပါတယ်'' ဟု မဟာအောင်မြေ မြို့နယ်အတွင်းရှိ မဟာမင်းထင်ကျောင်းမှ ဆရာတော် ဦးဣန္ဒောဘာသမှ မိန့်ကြားသည်။

ရှေးဟောင်းမြန်မာမှု လက်ရာများဖြင့် တည်ဆောက်ထားခဲ့သည့် ကျွန်းသား၊ သစ်သားကျောင်းဆောင်ကြီး အချို့မှာ ရွှေနန်းတော်ကျောင်း၊ ရမည်းသင်းကျောင်း၊ ပြည်ကျောင်း၊ သင်္ဂဇာကျောင်း၊ ရွှေအင်ပင်၊ မဟာမင်းထင်ကျောင်း၊ ဗားကရာကျောင်း၊ သစ်စိမ့်တိုက် မဟာဘုံကျော်ကျောင်း၊ မဟာဓမ္မိကာရာမ ရွှေကျင်ကျောင်းတော်၊ မဟာစိတြာရမတိုက်နှင့် သိမ်ကျောင်းတော်၊ ကင်းဝန်မင်းကြီးကျောင်းတိုက် အစရှိသည့် ရှေးဟောင်း မြန်မာမှု သစ်သားကျောင်းတော်ကြီး အချို့မှာ နှစ်ကာလ ကြာမြင့်လာပြီ ဖြစ်သောကြောင့် ပျက်စီးယိုယွင်းမှုများလည်း ဖြစ်ပေါ်လျက် ရှိကြောင်း၊ ပြုပြင်ရန်အတွက် ကျောင်းဆောင်အား ဖြိုဖျက်ပြီး အသစ်ပြန်လည်တည် ဆောက်မှုများကြောင့် ရှေးဟောင်းအမွေအနှစ် အချို့ ပျောက်ကွယ်သွားရကြောင်း အမရပူရမြို့မှ မြန်မာမှု ဗိသုကာပညာရှင် တမ္ပ၀တီ ဦးဝင်းမောင်က ပြောကြားခဲ့သည်။

EMG

No comments:

Post a Comment