Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 2, 2013

Architecture စကားဝိုင်း….....

 
 
အချိန်က နေ့လည် ထမင်းစား ကျောင်းဆင်းချိန်… အာခီ ကျောင်းသာ တစ်အုပ် လက်ဖက်ရည်ဆိုင်တွင် ထိုင်နေကြသည်… စကား ဝိုင်းမှာ ဆူညံပွက်လော ရိုက်နေသည်… ထို အချိန်တွင် ချောမော လှပ ပြေပြစ်သော ကောင်မလေး တစ်ယောက် ဆိုင်ရှေ့မှ ဖြတ်လျှောက်သွားသည်… အသံအားလုံးခတ္တမျှ တိတ်ဆိတ်သွားပြီးတော့မှ… အသံ တစ်ခု ထွက်လာသည်… အာခီ ကျောင်းသားတစ်ဦး၏ အသံဖြစ်သည်… စားပွဲထိုးလေးမှာလည်း ကျောင်သားများ အသံကို နားစွင့်နေမိလေသည်…အသံကား…

“Asthetic (သောဘဏ ရသ၊ မျက်စိပသာဒ) အရဆိုရင် တော်တော် မိုက်တယ်ကွာ” တဲ့ … (ပုံမှန်လူဆို ချောတယ်ပေါ့… ဆိုလိုသည်မှာတော့ ကောင်မလေးက အသားအရည်လှပ သောကြောင့် Asthetic အရ မိုက်တယ်ဟု ဆိုလိုက်ခြင်းဖြစ်သည်… )

နောက်တစ်ဦးမှ နေပြီး… Prorprtion ကတော့ Golden Ratio ပဲ တဲ့ ဆိုပြန်သည်…. ( ဆိုလိုသည်မှာကတော့ ခန္ဒာကိုယ် အချိုးအစား ပြေပြစ်ခြင်းကို ပြောခြင်းပင်ဖြစ်သည်…)

နောက်ထပ် ကျောင်းသားတစ်ဦးမှလည်း “Side View, Back View, Front View အားလုံး အိုကေ တယ်ကွာ ရှယ်ပဲတဲ့…” ဆိုပြန်သည်….( ရှေ့ကကြည့်လည်း ယဉ်တယ်… နောက်ကကြည့်လည်း ယဉ်တယ်… ဟုဆိုလိုခြင်းဖြစ်ပါသည်…)

ဒါပေမဲ့ ကျန် ဗိသုကာ ကျောင်းသားကမူ “ငါကတော့ မယုံးဘူးကွာ Section ဖြတ်ပြီးတော့ Detail ကြည့်လိုက်ချင်တယ် တဲ့…. Function လေးသိချင်လို့ပါ” တဲ့ လေ…(ဒါတော့ ကျွန်တော်ကိုယ်တိုင် ဘာသာ မပြန်တတ်တော့ပေ… နှာစေးနေသော ယုန် လေး ကျွန်တော်ပါ…)

ဒါကြောင့်ပဲ တဝိုင်းလုံးမှ “မင်း ပြသနာမရှာပါနဲ့ကွာ… မင်း Detail တော့ မကြည့်လိုက်ပါနဲ့ကွာ ကျောင်းသားရေးရာ ရောက်သွားမယ်… အတန်းချိန်လည်း နီးပြီ စာသင်ခန်းထဲ ပြန်ဝင်ရအောင်ကွာ…” ဟုဆိုကာ အားလုံးထ ထွက်သွားကြသည်… စားပွဲထိုးကောင်လေးကတော့ … သူနားမလည်သည့် စကားလုံးများဖြစ်သည့်…

1. Asthetic အရဆိုရင် တော်တော် မိုက်တယ်ကွာ
2. Prorprtion ကတော့ Golden Ratio ပဲ
3. Side View,Back View, Front View အားလုံး အိုကေ တယ်ကွာ
4. Section ဖြတ်ပြီးတော့ Detail ကြည့်လိုက်ချင်တယ်… Function လေးသိချင်လို့ပါ

ဆိုတဲ့ စကားလုံးများကို တွေးတော ရင်း ကျန်ခဲ့လေတော့သည်….

မှတ်ချက်။ ။ ကောင်မလေးများ Architecture ကျောင်းသားများရှေ့တွင် သတိထား သွားလာကြရန် သတိပေးအပ်ပါသည်….အလားတူ Architecture ကျောင်းသူများ လည်း ထိုကဲ့သို မြင်တတ် ကြည့်တတ်ကြသည် အမျိုးသားအပေါင်းတို့ ခင်ဗျား …လူကနေသော်လည်း ပညာက မနေသော သတိထားသင့်သော ဗိသုကာ ကျောင်းသား/သူ များပင်ဖြစ်ပါသည်….
(ကျွန်တော်ကတော့ center ကနေ section ကို longitudinalေ၇ာ cross section ကိုဖြတ်ပြီး Detail ကြည့်ချင်တယ်ဗျို့.... )

No comments:

Post a Comment