Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 20, 2013

10,13,14,22,52 နဲ့ ပါဝါဘောက 11


အမေရိကန် ဖလော်ရီဒါပြည်နယ် Zephyrhills ဆိုတဲ့မြို့ ငယ်လေးက ကံထူးရှင်တစ်ယောက်ကတော့ ဒေါ်လာသန်း ၆၀၀နီးပါးရှိတဲ့ အမေရိကန်ထီပေါက်သွားပါပြီ။

ဖလော်ရီဒါက ထီရောင်းတဲ့ဌာနချုပ်ကစနေတနင်္ဂနွေပိတ်တာကြောင့်ထီပေါက်တဲ့ကံထူး ရှင်ဘယ်သူလဲ ဆိုတာမသိရသေးပါဘူး။ ဥပဒေအရ ထီပေါက်သူရဲ့ နာမည်အသက်နဲ့ မြို့ အမည်ကိုလူထုကိုထုတ်ပြန်ရ ပါတယ်။ ထီပေါက်တဲ့သူက နှစ်စဉ်အရစ်ကျငွေထုတ်မလား၊ဒါမှမဟုတ် တခါထဲပဲထုတ်မလားရွေး ချယ်ခွင့်ရှိပါ တယ်။ အစိုးရကို ၂၅ရာခိုင်နှုန်းအခွန်ပေးဆောင်ရပါမယ်။ဖလော်ရီဒါပြည်နယ်ကိုတော့ အခွန်ပေးစရာမလိုတော့ပါဘူး။
တခါထဲထုတ်မယ်ဆိုရင်ရက်၆၀အတွင်းလာရောက်ထုတ်ယူရမှာဖြစ်ပြီး နှစ်စဉ်အရစ်ကျထုတ်ယူမယ် ဆိုရင်တော့ ရက်ပေါင်း၁၂၀အတွင်းလာရောက်ထုတ်ယူရမှာဖြစ်ပါတယ်။
အေဘီစီသတင်းဌာနက ဆာရာက တနိုင်ငံလုံးမှာ ဒီလိုမြို့ သေးသေးက ထီပေါက်သွားတယ်ဆိုတော့ မယုံနိုင်အောင်ပါပဲ တဲ့ ။


လူဦးရေတစ်သောင်းသုံးထောင်လောက်ပဲရှိတဲ့မြို့ ငယ်လေးမှာ
ကံထူးရှင်ဟာ လူအိုရုံ က အဘိုးအဘွားတယောက်ယောက် များလား။ဒါမှမဟုတ်ကလေးနှစ်ယောက်နဲ့ အလုပ် လုပ်နေ တဲ့မိခင်တယောက်များလား။ ဒါမှမဟုတ်အိမ်နီးခြင်းတယောက်ယောက်များဖြစ်နေမလား သို့ လော
သို့ လော ဖြစ်နေကြပါပြီ။

စနေနေ့ ညကထွက်သွားတဲ့ ထီဂဏာန်းက ၁၀,၁၃,၁၄,၂၂,၅၂ နဲ့ ပါဝါဘောက ၁၁ ဖြစ်ပါတယ်။
အဲဒီမြို့ လေး ရဲ့ ဘတ်ဂျက်က ၄၉ သန်းပဲရှိတာမို့  အခုပေါက်တဲ့ငွေပမာဏက ၁၂ဆပိုပြီးတော့များပါတယ်။
ထီလက်မှတ်ရောင်းလိုက်တဲ့စတိုးဆိုင်ပိုင်ရှင်ကလည်း ကံထူးရှင်ဘယ်သူလည်းမသိဘူးလို့ ဆိုပါတယ်။

မှတ်တမ်းတွေအရဆိုရင်  ၂၀၁၂ ကပါဝါဘောဒေါ်လာသန်း ၅၈၀ကျော်ကိုလူနှစ်ယောက်ခွဲယူရပါတယ်။အောက်ကပုံက သန်း၆၀၀နီးပါးJackpot ထီလက်မှတ်ကိုရောင်းခဲ့တဲ့ ဆိုင်ဖြစ်ပါတယ်။

PHOTO: The highest Powerball jackpot worth an estimated $590.5 million was sold recently at this Publix supermarket.
POWERBALL.jpg

ကဲ...ထီပေါက်ချင်ကြပါသလား။အောက်မှာထီပေါက်နည်းနဲ့ ထီပေါက်ကျင့်စဉ်ကိုပေးထားပါတယ်။
ယုံယုံကြည်ကြည် ကျင့်ကြည့်ကြပေါ့။ ပေါက်ခဲ့ရင်လည်း  ဟင်းလေးအိုးကြီးကိုမမေ့ပါနဲ့ ။

ထီပေါက်နည်းနှင့် ထီပေါက် ကျင့်စဉ်



တစ်ခုသော တနင်္ဂနွေနေ့ တွင် ကျွန်တော့်အိမ်သို့ အမြဲ လာလည်နေကျ ဖြစ်သော ညီအရင်းတစ်မျှ ခင်မင်ရသည့် မောင်ဝေလင်း ရောက်လာပြီး။

** အစ်ကို ဘာစာအုပ် ဖတ်နေတာလဲ
* ဗေဒင် စာအုပ်ပါကွာ

** အကို့ ကို မေးစရာရှိလို့ 
* အင်း မေးလေကွာ ဘာသိချင်လို့ လဲ

** အကိုတို့ ဗေဒင်ပညာမှာ ထီပေါက်။ မပေါက် သိတဲ့နည်း မရှိဘူးလား
* ရှိတာပေါ့ကွ ဘာလည်း မင်းက ထီပေါက်ချင်လို့ လား

** ဟုတ်ကဲ့ ပေါက်ချင်တာပေါ့ အကိုရာ
* အင်းအကို့  ဆရာရှိစဉ်က အကို့ ကို ပေးခဲ့တဲ့နည်း တစ်ခု ရှိတယ်။ တကယ် ယုံကြည်ပြီး၊ တစ်ကယ် လုပ်ခဲ့တဲ့သူတွေ ပေါက်ခဲ့ကြတယ်။ အကိုလည်း တစ်သောင်းဆု ၂ ခါ ပေါက်ဖူးတယ်။

** ဟာ ဟုတ်လား အကိုလည်း ပေါက်ဖူးတယ် ဆိုရင်တော့ အရမ်း စိတ်ဝင်စားသွားပြီ မြန်မြန်ပြော အကိုရာ
* အာ ဖြေးဖြေးပေါ့ကွာ ပြောပါမယ် ဆိုနေမှ မင်းကလည်း

** အဟဲ အရမ်းသိချင်လာလို့ ပါအကိုရာ
* ဒီလိုကွ ပထမအဆင့် ထီပေါက်ချင်တဲ့သူက ဒီနှစ်ထဲမှာ ထီပေါက်ကံ ရှိ မရှိ အရင် တွက်ကြည့်ရတယ်။ ထီပေါက်ကံ ရှိတယ် ဆိုရင် ဒုတိယအဆင့်က ပုတီးစိတ် ကျင့်စဉ် တစ်ခုနဲ့  ပုတီး စိတ်ရမယ်

**ဟုတ်ကဲ့အကို
* ၁။ မြန်မာ မွေးသက္ကရာဇ်ကိုတည် မွေးနံ ဂြိုလ်သက်နဲ့ ပေါင်း ၃၂ နဲ့ စား အကြွင်းကို မိမိ ရောက်သက်နဲ့ ပေါင်းပြီး ၇ နဲ့ စား ၅၊ ၆၊ ၀ ကြွင်းခဲ့ရင် ထီပေါက်မယ် အမွေ ရတတ်တယ် ။

** မွေးနံ ဂြိုလ်သက်ဆို တာကရော ပြောပြဦး အကိုရာ
* အင်းဟုတ်တယ် ပြေပြမယ်
တနင်္ဂနွေ ဂြိုလ်သက်က ၆ နှစ်
တနင်္လာ ။ ။ ၁၅ ။
အင်္ဂါ ။ ။ ၈ ။
ဗုဒ္မဟူး ။ ။ ၁၇ ။
စနေ ။ ။ ၁၀ ။
ကြာသပတေး ။ ။ ၁၉ ။
ရာဟု ။ ။ ၁၂ ။
သောကြာ ။ ။ ၂၁ ။

၂ ။ ။ မိမိရောက်သက်ကို တည်ပြီး ၆ နဲ့  မြှောက် ၁၂ နဲ့ စား ၀ ကြွင်းရင် ထီပေါက် အမွေရတတ်တယ်။

** နှစ်နည်းစလုံးနဲ့ ကိုက်မှ ပေါက်မှာလားအကို
* မဟုတ်ဘူး တနည်း နဲ့ ကိုက်ရင် ရပြီ

** ဟုတ်ကဲ့ ဆက်ပြောပါအကို
* ပုတီးစိတ်ရမှာက ပထမဆုံး ပိတောက် (သို့ ) နံသာဖြူသား ပုတီး တစ်ကုံးကို ရှာပါ။

နမော တသ ၃ ခေါက် ပုတီး ၃ လုံး
ပဌာန်း ။ ၂၄ ။

ဗုဒ္မံသရဏံ ဂစ္ဆာမိ ။ တစ်လုံး
ဓမ္မံ ။ ။ ။ ။
သံဃံ ။ ။ ။ ။
ပဌာန်း ။ ၂၄ ။

ဒုတိယမ်ပိ ဗုဒ္မံ ။ ။ တစ်လုံး
။ ဓမ္မံ ။ ။ ။
။ သံဃံ ။ ။ ။
ပဌာန်း ။ ၂၄ ။

တတိယမ်ပိ ဗုဒ္မံ ။ ။ တစ်လုံး
။ ဓမ္မံ ။ ။ ။
။ သံဃံ ။ ။ ။
ပဌာန်း ။ ၂၄ ။

အားလုံးပေါင်းရင် ၁၀၈ လုံး ပုတီးနဲ့ အကိုက်ပဲ။ ဂါထာလည်း အဆုံး ပုတီးလည်း အဆုံး ကိုက်နေရမယ်။
တကယ်လို့  ပုတီး အလုံးရေ ပိုနေတာပဲ ဖြစ်ဖြစ် လိုနေတာပဲ ဖြစ်ဖြစ် မှားသွားရင် ပြန်စိပ်ရမယ်။
ပုတီး တစ်ပတ်လို့ မမှတ်ရဘူး ။ အဲ့ ဒါ တစ်ခုတော့ သတိထားရမယ်။ ပြီးရင် ထီပေါက်ပါစေလို့  ဆုတောင်းပေါ့ကွာ

** ဟုတ်ကဲ့အကို
* ထီပေါက်ကံ ရှိတယ်ဆိုရင်တော့ အဲ့ဒီနှစ်အတွင်း ကျိုးစားပြီး လုပ်ပေတော့

** ဘယ်နှစ်ပတ် စိတ်ရမှာလဲ အကို
* မနက် ဖြစ်စေ၊ ညဖြစ်စေ တစ်နေ့  (၁၀) ပတ် စိတ်ရမယ်
* ထူးခြားတာ တစ်ခု ပြောရဦးမယ်။ အကို့ ဆရာ ရှိစဉ်က မိန်းမ တစ်ယောက်ကို ပေးပြီးစိတ်ခိုင်းလိုက်တာ။ ညဖက် အိမ်မက်ထဲမှာ နေ့ တိုင်း ဂဏန်း တစ်လုံး လာလာ ပြီးပြောနေလို့  ရပ်ကွက်ထဲမှာ တစ်လုံး မယ်တော်လို့ တောင် နာမည် ကြီးဖူးတယ်ဆိုပဲ

** ဟုတ်လား တယ်ဟုတ်ပါလား အကို ဘာလို့ အိမ်မက်က နှစ်လုံး မပေးတာလဲ
* အင်း အဲဒါတော့မင်း ကျင့်ကြည့်လို့  အိမ်မက်ထဲမှာ လာပြောတော့မှပဲ မေးကြည့်ပေတော့

** ဟာ အကိုကတော့လုပ်ပြီ

No comments:

Post a Comment