Mazda RX8 ကိုအစားထိုးတော့မယ့် Concept ဖြစ်ပါတယ်။ ဂျပန် Mazda မှ အင်ဂျင်နေယာနဲ့ ဒီဇိုင်းအဖွဲ့သားတို့ရဲ့  ဖန်တီးချက် ဖြစ် ပါတယ်။
ရှေ့ အင်ဂျင်၊ နောက်ဘီးမောင်းစနစ် RENESIS rotary ၁၆ လုံးပူး X အင်ဂျင် ဖြစ်ပြီး ယခင် RX 8 က 13B ကို အစားထိုးမှာ ဖြစ်ပါတယ်။ Taiki ရဲ့  မူရင်း အနက်က ပတ်ဝန်းကျင် (Atmosphere) ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိမယ့် ကားလို့ ဆိုလိုခြင်း ဖြစ် ပါတယ်။ တံခါး၂ ပေါက် ၂ ယောက်စီး စူပါကား ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ ၁၆၀၀ စီစီ Wankel engine ကို အသုံးပြုထားပြီး ဟိုင်းဘရစ်ဗားရှင်း ဖြစ် မယ်လို့ ဆိုပါတယ်။
အပြင်ဘက် ဒီဇိုင်းကတော့ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ပဲ လေခွင်းတောင် ပံ အမြောက်အများပါဝင်တာကို မြင်တွေ့ရပါတယ်။ တံခါးပေါက်က အပေါ်ပင့်ဖွင့်တဲ့ ငှက်တောင်ပံ လို ဖြစ်ပြီး အတွင်းဘက်မှာ ပြင်ဆင်မှုက လည်း တော်တော်လေး ခေတ်ရှေ့ ပြေးနေပါတယ်။ ပုံမှန် မြင်နေရကြ အတွင်း ခန်း ထက် စက်ရုပ်ကား ဆန်နေပါတယ်။ Mazda ရဲ့  Concept ကား အဖြစ် ပြပွဲတွေမှာ ပြသ ထားပြီး မကြာမီ နှစ်များအတွင်း ထုတ်လုပ်ဖြန့်ချိ တော့ မှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: Mazdablog
Myawady

No comments:
Post a Comment