(နိရဉ္စရာ- ၂၉ မေလ ၂၀၁၃)
ကမ္ဘာတလွှားက ခရစ်ယာန် ဘာသာဝင် (၁)သိန်းခန့်ဟာ သူတို့ရဲ့ ယုံကြည်မူကြောင့်
နှစ်စဉ်လိုလို အသတ်ခံနေရတယ်လို့ ဘာတီကန် ( Vatican) က ထိပ်တန်း အရာရှိကြီး
တစ်ဦးကို ကိုးကားပြီး AFP သတင်းမှာ ရေးသား ဖေါ်ပြပါတယ်။
ခုလို အသတ်ခံနေကြရတာဟာ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ အာရှမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကမ္ဘာ တလွှားမှ ခရစ်ယာန် ဘာသာဝင်များ (ဓါတ်ပုံ- အင်တာနက်)
Monsignor Silvano Maria Tomasi ကို ကိုးကားပြီး ဘာတီကန် ရေဒီယိုက
အင်္ဂါနေ့က အဲဒီ သတင်းကို ထုတ်လွှင့်ခဲ့ရာမှာ ဒီသေဆုံးသူ အရေအတွက်ကြောင့်
တုန်လူပ်ရကြောင်းနဲ့ မယုံကြည်နိုင်အောင်ထိ ဖြစ်ရကြောင်း ပြောဆိုတယ်လို့
ဆိုပါတယ်။
Tomasi က ကမ္ဘာတ၀န်းမှ ခရစ်ယာန်ဘာသာဝင်တွေဟာ သူတို့ နေအိမ်တွေက မောင်းထုတ် ခံရတာတွေ ရှိသလို သူတို့ ကိုးကွယ်တဲ့ ခရစ်ယာန်ကျောင်းတွေ မီးရှို့ ခံရတာတွေကိုလည်း မြင်တွေ့နေရတယ်လို့ ပြောပါတယ်။
ဘာသာရေး လွတ်လပ်ခွင့်ဟာ ခုတော့ ဂိုဏ်းဂဏတွေ၊ အကြမ်းဖက်မူတွေ၊ သည်းမခံနိုင်မူတွေ၊ ဥပဒေတွေထဲက ဖယ်ထုတ်မူတွေ ၀ိုင်းရံ တိုက်ခိုက်ခံနေရတယ်လို့ ဆိုပါတယ်။
ဒီအထဲမှာတော့ ခြွင်းချက်အနေနဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံမပါဝင်ဘဲ ဘာသာရေး လွတ်လပ်ခွင့်တွေကို ဘင်္ဂလာဒေခ်ျ့က ကာကွယ်ပေးထားတယ်လို့ ဆိုပါတယ်။

No comments:
Post a Comment