Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 9, 2013

အစွမ်းထက် ဆေး



တခါတုံးက ရွာတစ်ရွာမှာ ကဝေမကြီးတစ်ယောက် သောင်းကျန်းနေပါရော။
အဲ နောက်တစ်ရွာမှာတော့ လူတစ်ကာကို လိမ်စားနေတဲ့ ဘိန်းတောဆရာတစ်ယောက်
ရှိတယ်။ ဒါပေမယ့် သူ့လိမ်ကွက်တွေက ပီပြင်လွန်းတော့ အားလုံးက အဟုတ်
ထင်နေကြတယ်။ အဲ့ဒိတော့ ကဝေမကြီးကို ဆုံးမဖို့ တာဝန်က သူ့ အပေါ်ကျလာတယ်။
သိက္ခာအကျ မခံချင်တဲ့ ဘိန်းတောဆရာဟာ သူ့တပည့်ကို ခေါ်ပြီး အဲ့ဒိရွာကို
ထွက်လာတယ်။ သူ့ အကြောင်းကိုသိတဲ့ သူ့တပည့်က
မယုံတယုံနဲ့ လိုက်လာတယ်။ သူ့ ဆရာကတော့ " ငါဆေး ၃ လုံး ဖော်စပ်ထားတယ်
လုံးဝကြောက်စရာမလိုဘူး " လို့ ပြောတယ်။
ဒါနဲ့ပဲ ရွာထိပ်ရောက်လာပါရော။ ရွာထိပ်မှာပဲ ကဝေမကြီးက သူတို့ကို
အသင့်စောင့်နေတယ်။ ချက်ချင်းဆိုသလိုပဲ ဘိန်းတောဆရာက
ပထမ ဆေးတစ်လုံးနဲ့ ပစ်တယ် ကဝေမ က ရယ်တယ်။ ဒုတိယဆေးနဲ့ ထပ်ပစ်တယ်။
ဒါလည်းဘာမှ ဖြစ်မလာဘူး။ ဒါပေမယ့်
တတိယဆေး နဲ့လည်းပစ်ရော ကဝေမပြာကျသွားတယ်။ အဲဒိတော့မှ သူ့တပည့်က သူ့ဆရာကို
အထင်ကြီးတဲ့ မျက်လုံးနဲ့
" ဆရာ အဲ့ဒါ ဘာဆေးလဲ "လို့ မေးတယ်။ သူ့ဆရာ က ဘယ်လိုပြန်ပြောလဲ ဆိုတော့ "
ဟေ့ကောင် ငတုံးရ အဲ့ဒါ ဆေးမဟုတ်ဘူး
လက်ပစ်ဗုံးကွ " ဟု ပြောလိုက်လေသည်။
နေ့ သစ်တစ်ရက်ကို ပျော်ရွှင်ခြင်းဖြင့်စတင်နိုင်ပါစေ :x

No comments:

Post a Comment