Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 11, 2013

ချယ်ဆီးကလင်တန်မြန်မာပြည်လာရောက်မည်



ချယ်ဆီးကလင်တန် မြန်မာနိုင်ငံကိုလာရောက်မည်….

အမေရိကန်နိုင်ငံသမ္မတဟောင်းဘီလ်ကလင်တန်၏ သမီးဖြစ်သူ ချယ်ဆီးကလင်တန်သည် ရန်ကုန်မြို့ဆီဒိုးနားဟိုတယ်တွင် မေလ(၂၇)ရက်
နေ့၊ မနက်(၁၀)နာရီမှာ ကျင်းပမည့် P&G ၏ ကမ္ဘာပေါ်တွင် သောက်ရေသန့်
(၆)ဘီလီယံ လီတာမြောက် လှူဒါန်းဖြစ်မြောက်ခြင်း အထိမ်းအမှတ်အခမ်း
အနားကိုတက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

မစ္စချယ်ဆီးကလင်တန်သည် ကလင်တန်ဖောင်ဒေးရှင်းဘုတ် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီးမြန်မာနိုင်ငံကို(၂၅) ရက်နေ့ကတည်းက ကြိုတင် လာရောက်ကာ P&G နှင့် WorldVision တို့ပူးပေါင်းလှူဒါန်းမှုလုပ်ခဲ့သည့် နာဂစ်မုန်တိုင်းဒါဏ်ခံဒေသများနှင့်သာ ပေါင်း၊လွိုင်ကော်၊ဘားအံ၊ ကော့သောင်း၊ လောင်းလုံ၊သရက်ချောင်းဒေသ
များကိုသွားရောက်ကြည့်ရှုလေ့လာမည် ဖြစ်ကြောင်း သိရှိရသည်။P&G
သည် ကမ္ဘာပေါ်ကရေဘေးဒုက္ခသည်များကို“ရေသန့်စင်ထုပ်”များ လိုက်လံ
လှူဒါန်းပေးခဲ့ပြီး မြန်မာနိုင်ငံတွင် (၂၀၀၈)ခုနှစ်မှာနာဂစ်မုန်တိုင်း ဒုက္ခသည်
များအတွက် သောက်ရေသန့်လီတာပေါင်း(၂၅)သန်းကျော်ကို ဖန်တီး
ထောက်ပံ့ပေးနိုင်ခဲ့ပြီး(၂၀၁၁)ခုနှစ်တွင် ရေကြီးနစ်မြုပ်ခဲ့သောဒေသ များကို
ရေသန့်ထုပ်(၁၀)သန်းထပ်မံလှူဒါန်းခဲ့သည်။

နောင်တွင် ကြုံတွေ့ရမည့် သဘာဝဘေးအန္တရာယ်များအတွက်ရေသန့်ထုပ်(၄.၅)သန်းကိုလည်းမြန်မာနိုင်ငံမှာရှိ World Vision တွင်ကြိုတင်ပေးအပ်လှူဒါန်းထားကြောင်း
သိရသည်။ကမ္ဘာ့လူဦးရေသန်းပေါင်းတစ်ထောင်သည် ဘေးကင်းပြီးစိတ်ချ
ရသော သောက်သုံးရေကိုမရရှိသည့် အခြေအနေများကြောင့် ဝမ်းပျက်
ဝမ်းလျောရောဂါဖြင့် နှစ်စဉ်ကလေးငယ်(၁.၈)သန်းသေဆုံးခဲ့ရကြောင်း
သိရပါသည်။ ထို့ကြောင့် P&G အနေဖြင့် Children's Save Drinking
Water အစီအစဉ်ရေးဆွဲပြီး လာမည့် (၂၀၂၀)ခုနှစ်အထိတစ်နှစ်ကို
သောက်ရေသန့်လီတာသန်းပေါင်း(၂)ထောင်ဖြန့်ဝေသွားမည် ဖြစ်ကြောင်း
သိရသည်။

SkyNet TV Browser

No comments:

Post a Comment