Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 29, 2013

လေယာဉ်သစ်များ ဝယ်ယူပြေးဆွဲရန် သမ္မတညွှန်ကြား




လေယာဉ် မတော်တဆ မှုများ မဖြစ်ပေါ်စေရေး အတွက် လေယာဉ် အသစ်များ ဝယ်ယူပြေးဆွဲရန် လေကြောင်း လိုင်းများသို့ သမ္မတက ညွှန်ကြား လိုက်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းအောင်က မေလ ၂၇ ရက်နေ့က ပြုလုပ်သော လေယာဉ် မတော်တဆမှုများ လျှော့ချရေး အတွက် မီဒီယာများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြား ခဲ့ခြင်း ဖြစ်သည်။ လေကြောင်း လိုင်းများ အနေနှင့် လေယာဉ် အသစ်များကို ဝယ်ယူ သင့်ကြောင်း၊ မဝယ်နိုင်ပါက ငှားရမ်း ပြေးဆွဲသင့် ကြောင်းနှင့် လေယာဉ်မှူးများ ကလည်း လေကြောင်း လုံခြုံရေးကို တာဝန် ယူသင့်ကြောင်း သမ္မတ၏ ညွှန်ကြားချက်ကို ကိုးကား၍ ဝန်ကြီးက ပြောကြားသည်။

"လေယာဉ်က သစ်တိုင်းလည်း စိတ်မချ ရပါဘူး။ ဆိုလို တာကတော့ လူပေါ်မှာလည်း မူတည် ပါတယ်။ လေယာဉ်မှူးရဲ့ မှားယွင်းမှုတွေ ကြောင့်ပဲ လေယာဉ် မတော်တဆမှု ဖြစ်တာများတယ်" ဟု Asia Wings လေကြောင်းလိုင်း တာဝန်ရှိသူ တစ်ဦးက ၄င်း၏ အမြင်ကို ပြောသည်။ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ဥပဒေနှင့် အညီ လုပ်ဆောင်ပါက မတော်တဆမှု ဖြစ်နိုင်မည် မဟုတ်ကြောင်း၊ ဥပဒေကို ကျော်လွန်၍ လုပ်ဆောင်ခြင်း ကြောင့်သာ မတော်တဆမှု ဖြစ်ပွားနိုင်ကြောင်း Air KBZ လေကြောင်းလိုင်း မန်နေဂျာ အဆင့်ရှိသူ တစ်ဦးက ဆိုသည်။

"လေယာဉ်မှူးတွေ ကလည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ အချိန်ကိုက် လုပ်ဆောင်တတ်ဖို့ လိုတယ်" ဟု ဝန်ကြီး ဦးဉာဏ်ထွန်းအောင်က လေယာဉ်မတော် တဆဖြစ်ပွားမှု လျော့နည်း စေရေးနှင့် ပတ်သက်၍ ဖြည့်စွက် ပြောကြားသည်။ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက လေယာဉ်များကို သက်တမ်း၂၅ နှစ် အထိသာ ခွင့်ပြုကြောင်း၊ နာရီ ပေါင်း ၁၅၀၀ ပျံသန်းနိုင်မည့် လေယာဉ်မှူး များကိုသာ လေယာဉ် မောင်းနှင် ပျံသန်း ခွင့်ပြုကြောင်း ယင်းဌာနက သတင်းထုတ် ပြန်သည်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလ အတွင်းက အဲပုဂံလေ ကြောင်းလိုင်းမှ ပြေးဆွဲနေသော ခရီးသည် တင်လေယာဉ်သည် ဟဲဟိုးလေဆိပ်သို့ ဆင်းသက်ရာတွင် ဓာတ်အားတိုင်နှင့် သစ်ပင်ကို တိုက်မိကာ လမ်းပေါ်တွင် ဆိုင်ကယ် စီးနင်းသူ တစ်ဦးနှင့် လေယာဉ်ကျိုးပြတ် မီးလောင်ခဲ့ခြင်း ကြောင့် လေယာဉ်ပေါ် ပါ ဧည့်လမ်းညွှန်တစ်ဦးတို့ သေဆုံးခဲ့သည်။ မေလ အတွင်းကလည်း မြန်မာ့လေကြောင်းပိုင် လေယာဉ် တစ်စင်းသည် မိုင်းဆတ်ခရီးစဉ်တွင် ပြေးလမ်းကျော်ကာ ခြံစည်းရိုးနှင့် တိုက်မိပြီး တောင်ပံတစ်ဖက် ပျက်စီးခဲ့သည်။

No comments:

Post a Comment