Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 24, 2013

ရုပ်ရှင်တွေရိုက်ပြီး ပြသခွင့်နောက်ကျတာ သရုပ်ဆောင်တွေ နစ်နာတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်



သင်ဇာ "မိုးညအိပ်မက်မြူ"လို ဇာတ်ကား မျိုးတော့ ထပ်ရိုက် ဖို့တော့ မရှိပါဘူး။ ဒါပေမဲ့ ရိုက်ထား တာတွေ တော့ ရှိတယ်။ အဲဒါတွေက ရိုက် တုန်းကတော့ ကိုယ့်မှာ ရှိတဲ့ အစွမ်း ကုန်ကိုယ်တတ် သလောက် ကိုယ် လုပ်တော့ လုပ်လိုက် တာပဲ။ ဒါပေမဲ့ ထွက်လာတာ သုံးလေးနှစ် ခြားသွား တယ်ဆိုလို့ ရှိရင်တော့ ရုံတင်တဲ့ အချိန်မှာ ပြန်ကြည့်ရင် ကိုယ့်သရုပ် ဆောင်မှုတွေက အမြဲ လိုအပ် နေမှာ ပဲလေ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ် အတွေ့အကြုံ ရလာလေလေ ပညာ တွေရလာ လေပဲ။ ရုပ်ရှင် ကားကြီး တွေနဲ့ ပတ်သက်ပြီး သင်ဇာ ဘယ် လိုဖြစ်စေချင်လဲ ဆိုတော့ ဒါကလည်း ဆင်ဆာ ခွင့်ပြုတယ် ဆိုပေမယ့် ပရို ဂျူဆာတွေ ရုံတင်မှ ရတာလေ။ ဒါ တွေက ပရိုဂျူဆာ တွေနဲ့ပဲ ဆိုင် တယ်။ ဥပမာ လွန်ခဲ့တဲ့ သုံးလေးနှစ် က ရိုက်ပြီး အခုမှ ပြန်ပြီးတော့ ထွက်လာတဲ့ အခါကျတော့ အဝတ် အစားပိုင်းတွေ ဒိတ်အောက်နေတာ တို့ အိုက်တင်တွေ စနမ်နခအ မဖြစ် တာတို့ ဖြစ်တတ်တယ်လေ။ အဲဒီ အခါကျရင် ကိုယ်တွေ သရုပ် ဆောင်ပဲ နစ်နာတာလေ။ အဲဒီ အချက်တွေကြောင့် အဲဒီလိုမျိုး မဖြစ်ရင် ကောင်းတာပေါ့။ ဒါပေမဲ့ လည်း ပရိုဂျူဆာတွေ ဘက်က ကြည့်မယ် ဆိုရင်လည်း သူတို့ဘက် ကနေ ဘယ်လိုအခက် အခဲတွေ ရှိ လည်းမှ မသိတာ။ ကိုယ်ကလည်း မသိနိုင် ဘူးလေ။ အဲဒီအတွက် ကြောင့် နားလည်ပေး လိုက်ပါတယ်။

No comments:

Post a Comment