Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 27, 2013

ပျံ့နှံ့လာတဲ့ ရင်သားကင်ဆာကို တားဆီးပေးမယ့် အင်ဇိုင်းအသစ်



ယူကေ သုတေသီများဟာ ကြွက်မှာ အခြားအင်္ဂါ အစိတ်အပိုင်းများ သို့ ပျံ့နှံ့နေတဲ့ ရင်သားကင်ဆာကို ကာကွယ် နိုင်မယ့် နည်းလမ်း တစ်ခု တွေ့ရှိ ခဲ့ပါတယ်။ LOXL 2 အယ်လ်အို အိတ်က်စ် အယ်လ်တူး ခေါ် အင်ဇိုင်း တစ်မျိုးက ပျံ့နှံ့နေတဲ့ ရင်သား ကင်ဆာ ကလာပ်စည်း များကို တား ဆီးပေး လိုက်ခြင်းဖြင့် ကာကွယ် နိုင်တယ်လို့ ဆိုပါတယ်။ သုတေသီ များရဲ့ ပြောပြချက် အရ ဤတွေ့ ရှိချက်ဟာ ရင်သား ကင်ဆာ ဖြစ်တဲ့ အမျိုးသမီးကြီးတွေမှာ ရင်သား ကင်ဆာပျံ့နှံ့မှုကို ကာကွယ်ရန် ဆေး အသစ်ဖော်ထုတ် နိုင်ဖို့ အတွက် သိပ် ကောင်းတဲ့ ပစ်မှတ် တစ်ခု ဖြစ်လာစေ မယ်လို့ BBC သတင်းဌာနမှ ဖော်ပြခဲ့ပါတယ်။ "ရလဒ်တွေဟာ အလွန်စိတ်လှုပ် ရှားစရာ ကောင်းပါ တယ်။ လက်ရှိ အချိန်မှာတော့ ကျွန်တော်တို့ဟာ ရင်သားကင်ဆာ ပျံ့သွားရင် ကုသရန် ခက်ခဲပါတယ်" လို့ ယူကေရင်သား ကင်ဆာတိုက် ဖျက်ရေးမှ သုတေသန ဒါရိုက်တာ အာလင်း ဝီလ်ကီက ပြောပြ ပါတယ်။

မေ

No comments:

Post a Comment