Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 28, 2013

စိတ်ဝင်စားဖို့ ကောင်းတဲ့ဓာတ်ပုံလေးတွေ




မေ လ ၂၈ ရက်နေ ။့ရှန်ဟိုင်းကမင်္ဂလာပွဲတခုမှာ သတို့ သမီးက ခဏအမောဖြေနေတုန်း သတို့ သားသတို့ သမီးရဲ့ ဂါဝန်ကိုမထားပေးတဲ့ပုံဖြစ်ပါတယ်။ မင်္ဂလာတခါဆောင်ရတာလည်း  ဂါဝန်မရတာနဲ့ တင် အသက်တိုမယ့်ကိန်းပဲနော်။ဓာတ်ပုံထဲမှာ သတို့ သားကလည်းမျက်ခုံးရှုံ့ လို့ နည်းနည်းတော့ညစ်နေပုံပါပဲ။

မေ ၂၈ ၂၀၁၃။ မဲလဘုန်းသြစတြေးလျက ဒုက္ခိတ ခွေးကလေးပါ။ ၁၄သားခွေးကလေးဟာကျောရိုးနဲ့ ပတ် သက်တဲ့ရောဂါတခုခံစားနေရလို့  သခင်က စပယ်ရှယ်ဘီးတပ်ကုလားထိုင်လေးလုပ်ပေးထားတာပါ။
 ကြည့်ရတာသြစတြေးလျမှာ ခွေးအခွင့်ရေး အပြည့်အ၀ ရှိပုံရပါတယ်။

ံကယ်လီဖိုးနီးယားက အလင်းရောင်ဖြာကျနေတဲ့ဂူပါ။ ဒီလိုအံ့သြဖွယ်အလင်းရောင်တွေဖြာကျနေတာကို တနှစ်မှာ တပတ်နှစ်ပတ်လောက်ပဲတွေ့ နိုင်ပါတယ်။ပြီးတော့နေမ၀င်ခင် ၅မိနစ်လောက်ပဲ ဒါမျိုး အလင်းရောင်ဖြာထွက်တာကိုတွေ့ နိုင်တာပါ။

မော်စကိုတိရိစ္ဆာန်ရုံက ပိုလာဝက်ဝံလေးပါ။ ဒီပိုလာဝက်ဝံလေးက လာလည်တဲ့သူတွေနဲ့   အပေါ်ကပုံမှာလို မျက်နှာချင်းဆိုင်ပြီး ဓာတ်ပုံရိုက်ခံလေ့ရှိတယ်လို့  ဓာတ်ပုံဆရာကပြောတယ်။

မေ ၁၉ရက်ကကျင်းပခဲ့တဲ့ဆီနီဂေါက ဆူဖီမူဆလင်ဘာသာရေးပွဲတခုမှာဖြစ်ပါတယ်။နှစ်စဉ်ကျင်းပလေ့  ရှိတဲ့အဲဒီပွဲတော်မှာ ပေ ၁၆၀လောက်နက်တဲ့Kalom လို့ ခေါ်တဲ့ ရေခန်းနေတဲ့ရေတွင်းထဲ ကနေကြိုးနဲ့ တက်လာတာလည်းပွဲတော်မှာပါဝင်တဲ့အစီအစဉ်တခုဖြစ်ပါတယ်။

No comments:

Post a Comment