Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 27, 2013

မြေမြုပ်မိုင်းကို ပျား နဲ့ ရှင်းမယ်

ခရိုအေးရှား၌ မြေမြှုပ်မိုင်းများ ရှာဖွေရှင်းလင်းရန် ပျားများကို လေ့ကျင့်ပေးနေ



beesearchmines-may27

ဇာဂရက်တက္ကသိုလ်တွင် ပျားများကို လက်တွေ့စမ်းသပ်နေမှုအား မေ ၁၅ ရက်က တွေ့ရစဉ် (Photo:AP)

၁၉၉၁ ခုနှစ်တွင် ဘော်လ်ကန်စစ်ပွဲ စတင်ချိန်မှစ၍ လူပေါင်း ၂,၅၀၀ သည် မြေမြှုပ်မိုင်းများကြောင့် သေဆုံးခဲ့သည်ဟု ခရိုအေးရှား တာဝန်ရှိသူများက ခန့်မှန်းခဲ့ကြသည်။ စစ်ပွဲကာလ လေးနှစ်အတွင်း မိုင်းပေါင်း ၉၀,၀၀၀ ကို နိုင်ငံတစ်ဝန်း၌ ကြုံရာကျပန်း မြှုပ်နှံထားခဲ့သည်ဟု ဆိုသည်။

မိုင်းများကို ရှာဖွေရှင်းလင်းရန်မှာ နှေးကွေးသည့်အပြင် အကုန်အကျလည်းများကာ လုပ်ငန်းစဉ်အတွင်း မှားယွင်းထိခိုက်မှုလည်း ရှိနိုင်သည်။

ယခုအခါ ဇာဂရက်တက္ကသိုလ်က မပေါက်ကွဲသေးသော မိုင်းများကို ရှာဖွေရန် ပျားများအသုံးပြုသည့် နည်းလမ်းအား စမ်းသပ်နေသည်။ ပျားများကို တီအန်တီယမ်းနှင့် ပေါက်ကွဲမှုပြင်းထန်သော အရောအနှော တစ်မျိုးဖြစ်သည့် ထရိုင်နိုင်ထရိုတော်လင်းတို့ကို ရှာဖွေနိုင်ရန် လေ့ကျင့်ပေးထားသည်။

"ပျားတွေကို တီအန်တီအနံ့ ရှာဖွေနိုင်အောင် လေ့ကျင့်ပေးထားပါတယ်။ တီအန်တီအနံ့တွေရဲ့ အလယ်မှာ သူတို့အတွက် ဆုလာဘ်အဖြစ် သကြားရည်ထားပေးပြီး အစာရှာဖွေခိုင်းတဲ့ပုံစံ လေ့ကျင့်ပေးနေတာပါ" ဟု ဇာဂရက်တက္ကသိုလ်မှ ပါမောက္ခ နီကိုလာကီဇစ်က ရှင်းပြသည်။

ပျားအုံကို ဖျင်တဲတစ်ခုအတွင်း တစ်ဖက်စွန်း၌ထားပြီး တဲတစ်ဝိုက် အစာရှာရန် နေရာများစွာ ဖန်တီးပေးထားသည်။ သို့သော် ယင်းနေရာများအနက် အနည်းငယ်၌သာ အမှန်တကယ် အစာရှိပြီး ယင်းအစာရှိရာ နေရာနှင့်ကပ်လျက် မြေကြီးအတွင်း ဖောက်ခွဲရေးပစ္စည်းတို့၏ အနံ့များ ရှိနေသည်။ ပျားများကို အစာနံ့နှင့် ဖောက်ခွဲရေး ပစ္စည်းတို့၏ အနံကို တွဲလျက်သား သိမြင်နိုင်အောင် လေ့ကျင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် မိုင်းတစ်ခုချင်း ရှာဖွေရန် အတွက်သာ ပျားများကို လေ့ကျင့်ပေးနေသော်လည်း နောင်တွင် မိုင်းကွင်းတစ်ခုလုံးကို လွှမ်းခြုံစစ်ဆေးနိုင်အောင် လေ့ကျင့်ပေးနိုင်လိမ့်မည်ဟု ဆိုသည်။

လေ့ကျင့်ပေးသူများ အနေဖြင့် မကြာမီ ကျွမ်းကျင်မှုရှိလာပြီး ဘော်လ်ကန်ဒေသ တစ်ဝန်းလုံး၌ ဈေးပေါသည့် မိုင်းရှာဖွေရေး ပျားတပ်ကြီးကို အသုံးပြုနိုင်လိမ့်မည် ဖြစ်ကြောင်း ကီဇစ်က ပြောကြားခဲ့သည်။

Ref:AFP

No comments:

Post a Comment