Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 24, 2013

သတို့သမီးတစ်ဦးတည်း မင်္ဂလာပွဲကျင်းပ



မင်္ဂလာဆောင် အကြိုညတွင် ခိုက်ရန် ဖြစ်ပွားကာ သတို့သား အဖမ်းခံ ရခြင်းကြောင့် မင်္ဂလာပွဲကို သတို့သမီး တစ်ဦးတည်း ကျင်းပ ခဲ့ရသည့် ဖြစ်ရပ် မေ ၂၂ ရက်က ဖြစ်ပေါ် ခဲ့သည်။ ဖြစ်စဉ်မှာ ဟင်္သာတမြို့၊ ကျုံတွမ် ကျေးရွာတွင် မေ ၂၂ ရက်၌ မင်္ဂလာ ဆောင်မည့် သတို့သားလောင်း နိုင်လင်းအောင်နှင့် သတို့သမီးလောင်း တို့သည် မင်္ဂလာပွဲ အကြိုည ဧည့်ခံပွဲ ကျင်းပနေစဉ် ရပ်ရွာဓလေ့အရ လာရောက် ကူညီ လုပ်ကိုင် သော လူငယ်များက အရက်သောက်ရန် အိမ်ရှင်ထံ အရက်တောင်းရာမှ စကားများပြီး အုပ်စုလိုက် ခိုက်ရန် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ရန်ပွဲတွင် သတို့သားလည်း ပါဝင်ခဲ့ပြီး နှစ်ဦးဒဏ်ရာ ရခဲ့သည်။ ဓားဖြင့် အထိုးခံရသူ တစ်ဦးနှင့် ဦးခေါင်းကွဲ ဒဏ်ရာရသူ တစ်ဦးကို ဟင်္သာတမြို့၊ ပြည်သူ့ဆေးရုံ ကြီးသို့ တင်ပို့ ကုသခဲ့ရကြောင်း မြို့နယ် ရဲစခန်းမှ တာ ၀န်ကျ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

“ရန်ပွဲမှာ ပါဝင်ကျူးလွန် ခဲ့တဲ့ သတို့သားနဲ့ နောက်အဖော် တစ်ယောက်ကို စခန်းမှာ ထိန်းသိမ်း ထားပါတယ်။ ဆေးရုံတက်ရတဲ့ နှစ်ယောက်မှာ တစ်ယောက်က ခေါင်းကို ဆယ်ချက်ချုပ်ရပြီး ကျန်တစ်ယောက် ကတော့ ဗိုက်ကိုဓားနဲ့ အထိုးခံ လိုက်ရတယ်။ အသက်အန္တရာယ် စိုးရိမ်စရာ မရှိပါဘူး”ဟု ၎င်းက ဆိုသည်။ ထို့ကြောင့် မေ ၂၂ ရက် မင်္ဂလာ ပွဲကို မူလစီစဉ် ထားသည့် အတိုင်း ကျင်းပရာ သတို့သား မပါဘဲ သတို့ သမီး တစ်ဦးတည်း ကျင်းပ ခဲ့ရသည်။ ရန်ပွဲတွင် ပြစ်မှုကျူးလွန်သူ သတို့သားနှင့် ကျန်တစ်ဦးကို အပြင်းအထန် နာကျင်စေမှု ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် ဟင်္သာတမြို့ အမှတ်(၁)ရဲစခန်းတွင် အမှုဖွင့်အရေးယူ ထားသည်။

ရန်ကုန်မြို့ အပါအ၀င် မြို့ကြီးအချို့တွင် မင်္ဂလာပွဲ ကျင်းပပြီးမှသာ လူပျို၊ အပျိုည အဖြစ် တည်ခင်းဧည့် ခံပွဲ ပြုလုပ်လေ့ ရှိသော်လည်း ဟင်္သာတ အပါအ၀င် ဧရာဝတီ မြစ်ဝကျွန်း ပေါ်ဒေသရှိ မြို့နယ်များတွင် မင်္ဂလာဆောင် ဧည့်ခံပွဲ မတိုင်မီတစ်ရက် အကြိုကပင် လူပျို၊ အပျိုညကိုပြုလုပ် လေ့ရှိသည်။

No comments:

Post a Comment