Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 10, 2013

“ဂဂျီဂဂျောင် လက်မြောက်ရတဲ့ အကောင်”





လ္ဘက်ရည်ခွက်နဲ့
ရန်ဖြစ်ခဲ့ရတာလည်း ခဏခဏ
ငါ မှ စိတ်တိုင်းမကျတာ
... အရသာကို မရှိဘူး..။

ထ္မင်း ပန်းကန်နဲ့လည်း
ငြင်းဆန်လိုက်ရတာ အခါခါ
ငါ မကြိုက်တဲ့ဟင်း
ပါးစပ်ထဲ မသွင်းဘူး..။

ဝီစကီခွက်နဲ့လည်း
ရန်ဖက်ဖြစ်ရတာ မကြာမကြာ
ငါ မစွဲတဲ့ တံဆိပ်
လျှာထိပ်တောင် မဆွတ်ဘူး..။

ကဗျာဆိုတဲ့ကောင်လည်း
ငါ ရန်ထောင်ပစ် လိုက်တာပဲ
မနှစ်သက်တဲ့ ကာရန်ဆို
တစ်ကြောင်းကို မရေးဘူး..။

ဂဂျီဂဂျောင်နဲ့ ငါ
မြင်မြင်တကာကို ရန်လုပ်
မဟုတ်ထင်မိရင်
ကြည့်ကို မကြည့်ချင်တဲ့ကောင်လေ….

ဒါပေမယ့်
ငါရဲ့ဒူးတွေ
ပျော့ခွေအောင်ထောက်
သူ့ရှေ့ရောက်ရင်
အပြစ်လည်းမတင်ရဲ
မကြိုက်ပဲလည်းခင်တွယ်
မပစ်ပယ်ပဲသုံး
အမုန်းစွဲလည်း ပတ်သက်နေရ
ခင်ဗျ တို့က ဘာထင်နေတုန်းဟင်…

ပျက် အစဉ်
ပြင်မရ
အနှေးတကာ့ ထပ်ခေါင်
လိပ်ယောင်ဆောင်နေတဲ့ အကောင်လေဗျာ…

မြန်မာပြည်မဟာမှာ
မသဒီစရာ အကောင်းဆုံး
သုံးသူတိုင်း အမုန်းဖက်စရာ
အင်တာနက် ကွန်နက်ရှင်ပါ တဲ့ဗျာ ။ ။

"ခန့်ညီဖေ"
https://www.facebook.com/photo.php?fbid=578958182125666&set=a.324368407584646.79700.228916213796533&type=1&theater#!/photo.php?fbid=280481155422883&set=a.110768499060817.15143.100003830034541&type=1&theater

No comments:

Post a Comment