Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 24, 2013

ဗိုက်ခွဲမွေးတဲ့ကလေးတွေဟာ အ၀လွန်ရောဂါဖြစ်နိုင်ခြေပိုများတယ်

ဗြိတိန်ကလေ့လာမှုတခုအရ ဗိုက်ခွဲမွေးတဲ့ကလေးတွေဟာ အ၀လွန်ရောဂါဖြစ်နိုင်ခြေပိုများတယ်လို့ ဆို ပါတယ်။

ဗြိတိန်က  ကလေးတသောင်းကိုလေ့လာခဲ့မှုအရ ရိုးရိုးမွေးဖွားတဲ့ကလေးထက် ဗိုက်ခွဲပြီးမွေးရတဲ့ ကလေးတွေဟာ ကလေးဘ၀နဲ့ ဆယ်ကျော်သက်အရွယ် အ၀လွန်တဲ့ ဖြစ်နိုင်ချေပိုများတယ်လို့ ဆိုပါတယ်။
ဥပမာ ၁၁နှစ်အရွယ် ဗိုက်ခွဲမွေးလာတဲ့ကလေးတွေဟာ ရိုးရိုးမွေးဖွားခဲ့တဲ့ကလေးတွေထက်အ၀လွန်ဖို့ ဖြစ်နိုင်ချေ ၈၃ရာနှုန်းပိုတယ်လို့ ဆိုပါတယ်။(ဒီနေရာမှာ မိခင်ဖြစ်သူရဲ့ ကိုယ်အလေးချိန်နဲ့  မိခင်နို့ ဘယ်လောက်ကြာကြာသောက်ခဲ့ရသလဲဆိုတဲ့အချက်ကိုထည့်သွင်းတွက်ချက်ပါတယ်)

ဒီလေ့လာမှုတွေကိုဦးဆောင်နေသူ နယူးယော့ဆေးပညာတက္ကသိုလ်က   Dr. Jan Blusteinက ကျနော်တို့ မသိရသေးတဲ့တခြား ရေရှည်အကျိုးဆက်တွေလည်းရှိနိုင်ပါတယ်၊အူနဲ့ သည်းခြေမှာအနာတရဖြစ်နိုင်ချေ လည်းရှိပါတယ်။ခွဲမွေးဖို့ ရွေးချယ်တဲ့မိခင်တွေအနေနဲ့ ဒီစွန့့်စားရ မှုတွေ ကိုသိဖို့ လိုပါတယ်ပြောပါ တယ်။

အမေရိကနိနိုင်ငံမှာ မှာ ခွဲမွေးတဲ့နှုန်းမြင့်တက်လာမှုဟာ ၁၉၉၆တုန်းက ငါးယောက်မှာတယောက်သာ ခွဲမွေးကြပေမယ့် ၂၀၁၀မှာသုံးယောက်တယောက်ဖြစ်လာပါတယ်။
 
အသေးစိတ်ဖတ်ရှူလိုသူများအောက်ကလင့်မှာဖတ်လို့ ရပါတယ်။
http://news.msn.com/science-technology/babies-born-via-c-sections-linked-to-child-obesity

No comments:

Post a Comment