Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 17, 2013

လိုချင်တာ ဘာလို့မရတာလဲ

17 May 2013  |



ိုချင်တာ ဘာလို့ မရတာလဲ တချို့သော ဆိုတဲ့ မေးခွန်းဟာ ရိုးရိုးရှင်းရှင်း လေးပါ၊ အဲဒီမေးခွန်း ရိုးရှင်းသလို အဖြေက လည်း လွယ်ကူ ရှင်းလင်းမှာ အမှန်ပါ ပဲ၊ ဘာလဲဆိုတော့ လိုချင်တာ မရတာ ဟာ ကာယကံရှင်က အဲဒါကို တကယ် မလိုချင်လို့ပဲ ဖြစ်လိမ့်မယ်ဆို တဲ့ အဖြေပါပဲ၊ ဒါဟာ အလွန်သဘာဝ ကျပါတယ်။

လိုချင်တာကို မရခဲ့တဲ့လူတွေ ဟာ တကယ်မလိုချင်လို့ပဲ ဖြစ်လိမ့် မယ်ဆိုတာ အငှားစကားပါ၊ မူရင်းက မြန်မာတွေ လည်းသိ၊ ကမ္ဘာကလည်း သိတဲ့ ဗြိတိသျှ စာရေးဆရာကြီး "ရုဒ်ယတ် ကစ်ပလင်း" Rudyard Kipling ပြောဖူးတဲ့ စကားဖြစ်ပါတယ်၊ If you don't get what you want it is a sign either that you did not seriously want it.Or that you tired to bargain over the price တဲ့လေ၊ လိုချင်တာကို မရဘူး ဆိုရင် ခင်ဗျား တကယ် မလိုချင်လို့ပဲ ဖြစ်နိုင်တယ်၊ ဈေးဆစ်ဖို့ ကြိုးစားလို့ လည်း ဖြစ်နိုင်တယ်လို့ နားလည်ယူရင် ရပါလိမ့်မယ်။

လိုချင် တာကို မရခဲ့တဲ့ အကျိုး အကြောင်း နှစ်ခုမှာ ကာယကံရှင်ဖြစ် သူက အဲဒါကို တကယ်မလိုချင်လို့ မရခဲ့တာဖြစ်တယ် ဆိုတာကို ဒီလို နားလည် နိုင်တယ်၊ လိုချင်တာကို မရတာဟာ တကယ် မလိုချင်လို့ ဖြစ်လိမ့် မယ်ဆိုတာ တကယ် သဘာဝ ကျတယ်၊ ကျောင်းသား တစ်ယောက် စာမေးပွဲ ဖြေတယ် ဆိုပါတော့၊ တက္ကသိုလ် ဝင်တန်းမှာ အမှတ်ကောင်း ကောင်းရဖို့ လိုလိမ့်မယ်၊ ဂုဏ်ထူးမှတ် တွေရအောင် ကြိုးစား ရလိမ့်မယ်၊ ဒါမှ သာ အမှတ်အနည်း အများအလိုက် သတ်မှတ်ထားတဲ့ တက္ကသိုလ် တွေထဲ က ကိုယ်တက်ရောက် ချင်တဲ့ တက္ကသိုလ် ကို တက်ရောက် ရပေမပေါ့။

ဆရာဝန် ဖြစ်ချင်တဲ့ ကျောင်း သားတစ်ယောက်ဟာ ဆေးတက္ကသိုလ် ကို ဝင်ရောက်နိုင်တဲ့ အမှတ်တွေအရင် ရအောင် ကြိုးစားရလိမ့်မယ်၊ သတ်မှတ်ထားတဲ့ အမှတ်ပြည့်မှ အဲဒီ တက္ကသိုလ်ကို တက်ရောက်ခွင့်ရမှာ မဟုတ်လား၊ တက်ရောက်ခွင့်ရတယ်ပဲ ထားဦး သတ်မှတ်ထားတဲ့ နှစ်ကာလ တွေမှာ ဆေးပညာကို အပတ်တကုတ် စာတွေ့လက်တွေ့ ကြိုးစားသင်ရပေ လိမ့်မယ်၊ ဒါမှသာ ကျောင်းပြီးတာနဲ့ အလုပ်သင် ဆရာဝန် ဘဝကို ရနိုင်မှာ ဖြစ်ပါတယ်၊ ဆေးတက္ကသိုလ် ဝင်ဖို့ အမှတ်မပြည့်တာ၊ ပြည့်တော့ ပြည့်ပါ ရဲ့ သတ်မှတ်ချက် တွေကို လိုက်နာမှု နည်းလို့ ဆရာဝန် ဖြစ်မလာတာမျိုးဟာ တကယ်ပဲ သူဟာ သူမူလရည်မှန်း ထားတယ်ဆိုတဲ့၊ လိုချင်တယ်ဆိုတဲ့ ကိစ္စကို တကယ်မလိုချင်လို့သာ၊ ကြိုးစားအားထုတ်မှုနည်းနေလို့သာဖြစ် လိမ့်မယ်။

နောက်တစ်ခု စဉ်းစားနိုင်တာက ကိုယ်လိုချင်တဲ့ အရာဟာ မရှောင်လွှဲ နိုင်တဲ့ အကျိုးအကြောင်း အချက် အလက်တွေအရ ရယူခွင့် မရှိတာမျိုး လည်း ဖြစ်နိုင်တာပါပဲ၊ စစ်တွေဖြစ်နေ မယ်၊ အရေးအခင်းတွေ ဖြစ်နေမယ်၊ ကျောင်းတွေ ပိတ်ထား မယ်ဆိုရင် ဆရာဝန် ဖြစ်ဖို့မပြောနဲ့ ကျောင်းတက် ဖို့တောင် အခွင့်အရေး ရတာမှ မဟုတ် တာ၊ ဒီတော့ ကိုယ်လိုချင်တဲ့ အရာကို ရနိုင်ဖို့ဆိုတာ အတော် မနီးစပ်ဘဲ ဖြစ်သွားလိမ့်မယ်။

ပြီးတော့ လူ့လောကရဲ့ သဘော သဘာဝအရ မမျှော်လင့် တာတွေဖြစ် တတ်တယ်၊ အဲဒီကျောင်းသားဟာ ကျန်းမာရေးချို့တဲ့တဲ့ပြဿနာ တစ်စုံ တစ်ရာဖြစ်လာရင် ဒါမှမဟုတ် ရုတ်တရက် မတော်တဆ ထိခိုက်မှုတစ်ခု ခုဖြစ်လာရင် သူဟာ အမှန်တကယ်ပဲ သူဖြစ်ချင်တဲ့ ဆရာဝန် တစ်ယောက် ဖြစ်ဖို့ကိစ္စဟာ နှောင့်နှေး သွားနိုင်သလို နိဋ္ဌိတံဖြစ်ချင်လည်း ဖြစ်သွားမှာပဲ၊ ဒီကိစ္စကတော့ ဘုရားသခင်သာ ကြိုပြီးသိလိမ့်မယ်။

ကိုယ်လိုချင်တာကို မရတာက ဒုတိယ အကျိုးအကြောင်း တစ်ခုရှိသေး တယ်၊ အဲဒါကတော့ မတန်တဆဈေး ဆစ်တတ်တဲ့ အကျင့်ကြောင့်ပဲ ဖြစ်လိမ့် မယ်၊ ဘယ်ပစ္စည်းမဆို သတ်မှတ် တန်ဖိုးတွေ ရှိကြတယ်။ တချို့က တန်ဖိုးမြင့်ပြီး တချို့က တန်ဖိုးနိမ့်ကြ မှာ ဓမ္မတာဖြစ်လိမ့်မယ်၊ ဝက်သားဝယ် ချင်ရင် ဝက်သားဈေး ပေးရမှာဖြစ်ပြီး ဘူးသီး ဝယ်ရင်တော့ ဘူးသီးဈေးပဲ ပေးရလိမ့်မယ်။

ဒါဟာ မတူတဲ့ ပစ္စည်း တန်ဖိုးနဲ့ မတူညီတဲ့ဈေးနှုန်းများဖြစ်တာ ကြောင့် ပြောစရာစကား ရှိမယ်မထင် ဘူး။ ဒါပေမဲ့ ဖြစ်တတ်တာ တချို့လူ တွေဟာ ဝက်သားကို ဘူးသီးဈေးပေး ပြီး ဝယ်ယူချင်ကြတယ်၊ အလွန်အကျွံ ဈေးဆစ်တတ်ကြတယ်၊ ဒီတော့ ဘယ်မှာ ဝက်သားရနိုင်ပါ့မလဲ။

ဝက်သားကို ကိုယ်လိုချင်တဲ့ဈေး နဲ့ဝယ်မရတဲ့အခါ အမနာပစကားတွေ ပြောပြီး အပြစ်တင်တတ်ကြတယ်၊ ရေထိုးထားတဲ့အသား၊ ဝက်နာသား၊ အလေးခိုးထားတာ စသဖြင့် အပြစ် ရှာလိမ့်မယ်၊ ကိုယ်တကယ် ဝက်သား ဝယ်ပြီး ဝက်သားဟင်းချက်စားဖို့ ရည်ရွယ်ရိုးမှန်ရင် သူ့တန်ရာတန်ဖိုးကို ပေးပြီး ဝယ်ယူနိုင်အောင် ကြိုးစားရမှာ ပေါ့၊ သတ်မှတ်တန်ဖိုးထက်နှိမ့်ပြီး ဈေး ဆစ်ဝယ်ယူ နေတာမျိုးက အဆင်ပြေ ဝက်သားသာမက နွမ်းနေတဲ့ ချဉ်ပေါင် ရွက်၊ ကန်စွန်းရွက်တောင် ဝယ်ရခက် သွားမယ်လေ၊ ဒါကို သတိထားသင့် တယ်။ လိုချင်တာကို ဘာလို့မရကြ သလဲ၊ တကယ် မလိုချင်တဲ့ အတွက် တကယ် မကြိုးစားလို့ပဲ ဖြစ်လိမ့်မယ်၊ ကြိုးစားမှု အားနည်းရင် ဘယ်လို အောင်ပွဲမျိုးမှ ရနိုင်မယ် မထင်ဘူး။ ဒါက သဘာဝ ကျပါတယ်၊ တန်ရာ တန်ရာ တန်ဖိုးထက် နည်းပြီး ဈေးဆစ် တာမျိုးကလည်း ကောင်းတဲ့ကိစ္စ မဟုတ်တာကြောင့် အဆင်မပြေမှုတွေ များနေမှာ အမှန်ပဲ။

လိုချင်တဲ့ ပစ္စည်း လည်းဖြစ်တယ်၊ သင့်တော်တဲ့ ဈေးနှုန်း အနေအထားလည်း ဖြစ်တယ်ဆိုရင် လက်လွတ် မခံပါနဲ့ ရအောင်ယူလိုက် ပါ။ တစ်ချို့ ပညာရှိတွေရဲ့ စကားက နှစ်တွေ တစ်ရာ၊ နှစ်ရာ ပြောင်း သွားပေမဲ့ လန်းဆတ်ခေတ်မီနေဆဲ ဖြစ်တယ်ဆိုတာကို တွေ့ရလိမ့်မယ်။ အမှန်တရားဆိုတာ ဟောင်းတယ် သစ်တယ်မရှိဘူး၊ မှားတာတွေထဲက ခေါင်းထောင်နေတဲ့ အရာပဲဖြစ်တယ်။

တန်ဖိုးကိုသိပြီး တန်ဖိုးအတိုင်း ပေးဆပ်ရယူ မှုဆိုတာ တရားမျှတပါ တယ်။ ကိုယ်လိုချင်တာကို မရရအောင် ယူဖို့ ကြိုးစား အားထုတ်တဲ့ စိတ်ဓာတ် မျိုးဟာလည်း လေးစားစရာကောင်း တာအမှန်ပဲ၊ လိုချင်တာကို ရအောင် မယူနိုင်တာ၊ မတန်တဆ ဈေးဆစ်နေ တာမျိုးတွေကတော့ လူရယ်စရာ ကောင်းနေမှာ ဖြစ်သလို ဆန္ဒနဲ့ဘဝ ဟာ ကင်းကွာ သွားတတ်ပါတယ်။

ထက်ကျော်

No comments:

Post a Comment