Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 27, 2013

Samsung ၏ အမြတ်ငွေရရှိမှု ပမာဏ ၄၁.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့


 
စမတ်ဖုန်းရောင်းအား ကောင်းမွန်ခြင်းအား အခြေခံ၍ ကိုရီးယားကုမ္ပဏီ Samsung ၏ ၂၀၁၃ ခုနှစ် ပထမ ၃ လပတ် အမြန်ငွေရရှိမှု ပမာဏသည် ယခင်နှစ် ဤကာလထက် ၄၁.၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရှိရသည...်။

Samsung အနေဖြင့် ၂၀၁၃ ပထမ ၃ လပတ်းအတွင်း အကျိုးအမြတ် ဒေါ်လာ ၆.၅ ဘီလီယံ ရရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ပထမ ၃ လပတ် အတွင်းကမူ အကျိုးအမြတ် ဒေါ်လာ ၄.၅၃ ဘီလီယံ ရရှိခဲ့သည်။ အဆိုပါ ပမာဏအနက် စမတ်ဖုန်း ရောင်းချရမှုမှ သီးသန့်မှပင် အမြတ်ငွေ ၅.၈ ဘီလီယံ ရရှိခဲ့ကြောင်း သိရှိရသည်။

လေ့လာသူများ၏ အဆိုအရ ကမ္ဘာတစ်ဝန်း စမတ်ဖုန်းရောင်းအားတွင် Samsung အနေဖြင့် Apple အား အနိုင်ယူနေနိုင်ခြင်း၏ အဓိက အကြောင်းရင်းမှာ လူအများ၏ ကွဲပြားသည့် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်သည့် မတူကွဲပြားသည့် စမတ်ဖုန်း အမြောက်အများအား ထုတ်လုပ်နေ၍ ဖြစ်သည်ဟု သုံးသပ်ကြသည်။

သို့သော်လည်း ရင်းနှီးမြှုပ်နှံသူများကမူ Apple ၏ တိကျသေချာပြီး တည်ငြိမ်မှုရှိသည့် ထုတ်လုပ်မှုစွမ်းအားကို ပိုမိုသဘောကျသည်ဟု သိရှိရသည်။

အခြားတစ်ဖက်တွင်မူ Galaxy S4 စတင်ရောင်းချမှုနှင့်အတူ ၂၀၁၃ ဒုတိယ ၃ လပတ် အတွင်းတွင်လည်း Samsung ၏ ရောင်းအားနှင့် အကျိုးအမြတ် ရရှိမှုပမာဏမှာ ယခုထက် တိုးတက်လာဖွယ် ရှိနေသည်။
 Myanmar Consumer Guide

No comments:

Post a Comment