Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, April 28, 2013

NBA စတား O’Neal နှင့် ချစ်သူသစ် Nicole Alexander


NBA စတား O’Neal နှင့် ချစ်သူသစ် Nicole Alexander တို့ အရပ်နှင့် ကိုယ်အလေးချိန် ၂ ပေ၊ ပေါင် ၂၀၀ ကွာ
အနားယူလိုက်ပြီဖြစ်သော အမေရိကန် ဘတ်စကတ်ဘော အားကစားသမား ချန်ပီယံဟောင်း Shaquille O’Neal ဟာ အမေရိကန် NBA လောကမှာ အရပ်အရှည်ဆုံး၊အထွားဆုံး အားကစားသမားအဖြစ် စံချိန်တင်ခဲ့ဖူးပါတယ်။

လက်ရှိအချိန်မှာ NBA inside လို့ခေါ်တဲ့ အမေရိကန် ဘတ်စကတ်ဘော
ဝေဖန်ဆွေးနွေးရေး ရုပ်သံလိုင်းမှာ ပါဝင်တင်ဆက်နေတဲ့ Presenter တစ်ဦးလည်း ဖြစ်ပါတယ်။

အရပ် ၇ ပေ ၁ လက်မရှိပြီး ပေါင်ချိန် ၃၂၅ ပေါင်ရှိတဲ့ Shaquille O’Neal
ရွေးချယ်လိုက်တဲ့ ချစ်သူကြောင့် ပရိတ်သတ်အများအံ့သြခဲ့ရပါတယ်။ အမေရိကန် ရုပ်သံဖျော်ဖြေရေး စီးရီးတွေမှာ ပါဝင်သရုပ်ဆောင်ပြီး လူသိ
များလာတဲ့ Nicole Alexander ဟာ O’Neal ရဲ့ ချစ်သူအသစ် ဖြစ်နေပါပြီ။ အရပ် ၅ ပေသာရှိပြီး ပေါင်ချိန် ၁၀၀ ကျော်မျှသာရှိတဲ့ Nicole Alexander ကို O’Neal ဘာကြောင့်ရွေးချယ်သလဲဆိုတာ ဟောလိဝုဒ်အသိုင်းအဝိုင်းမှာ
လောင်ရယ်စရာ ဖြစ်နေကြပါတယ်။

အရပ် ၂ ပေကွာပြီး ပေါင်ချိန် ၂၀၀ ကွာတဲ့ ချစ်သူ O’Neal နဲ့ Alenader တစ်ယောက် ဘယ်လိုရှေ့ဆက်မယ် ဆိုတာ မသိပေမယ့် တစ်နေ့ကျ လက်ထက်တော့မယ် ချစ်သူဖြစ်တယ်လို့ O’Neal မှကြေညာထားပါတယ်။

O'Neal ဟာ အသက် ၄၀ အရွယ်ရှိပြီဖြစ်ပြီး သူ့ချစ်သူကတော့ ၂၉ နှစ်
အရွယ်သာ ရှိပါသေးတယ်။

Ref:weirexenstive
Today Myanmar

https://www.facebook.com/photo.php?fbid=563385320351307&set=a.208727 039150472.52354.100000395332469&type=1&theater

No comments:

Post a Comment