CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
မြိတ်မြို့၌မွေးဖွားပြီး အမေပျောက်ရှာပုံတော်ဖွင့်ခဲ့တဲ့ မသဲသဲသော် facebook ပေါ်ကလူကို ယုံကြည်မိ၍ အသတ်ခံရခြင်း
မြိတ်မြို့၊ ပုလဲသီတာသားဖွားဆေးခန်း (ဒေါက်တာခင်မီမီဟန်)တွင် မွေးဖွားခဲ့ပြီး အမိပျောက်ရှာပုံတော် ဖွင့်ခဲ့တဲ့ “မသဲသဲသော် (ခ) မမြင့်မြင့်အေး” အသက် (၂၆)နှစ် အသတ်ခံရခြင်းကို ထိုင်းသတင်းစာ၌ ဖေါ်ပြ ထားကြောင်း သိရှိရသည်။
မသဲသဲသော်သည် facebook ပေါ်တွင် Sky Queen (https://www.facebook.com/sky.queen.90475)
အမည်ဖြင့် မိခင်အရင်းကို ရှာဖွေခဲ့ပြီး facebook ပေါ်၌ အကူအညီများလည်း
တောင်းခံခဲ့သည်။ မသဲသဲသော်သည် သင်္ကြန်အကြိုနေ့ (၁၃-၄-၂၀၁၃)ရက်နေ့တွင်
facebook ပေါ်မှ ရင်းနှီးခဲ့သော facebook နာမည် နတ်သားလေး၏ သတ်ဖြတ်ခြင်းကို
ခံခဲ့ရကြောင်း သိရှိရသည်။ မသဲသဲသော်သည် ချိန်းတွေ့ရင်း
သတ်ဖြတ်ခြင်းခံရသည်ဟု ဖြစ်နိုင်ကြောင်း၊ အလောင်းအား အ၀တ်အစားမပါဘဲ
မသဲသဲသော်၏ အခန်းအတွင်းတွေ့ရှိခဲ့ရသဖြင့် အဓမ္မပြုကျင့်ဖို့ ကြံစည်ရင်းဖြင့်
အသတ်ခံလိုက်ရခြင်းဖြစ်နိုင်ကြောင်းနှင့် တရားခံကို ဆမူပါကန်မြို့တွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရှိရသည်။
မိခင်အရင်း၏ မျက်နှာကို မြင်ရယုံဖြင့် ကျေနပ်ပါပြီ၊ မိခင်စိတ်ချမ်းသာရင်
ကျေန်ပါပြီဟု ပြောကြားခဲ့သူ မိခင်အရင်းနဲ့မတွေ့ဆုံမှီ facebook ပေါ်ကလူကို
ယုံကြည်မိ၍ မြန်မာလူမျိုးအချင်းချင်း၏ ယုတ်မာစွာ သတ်ဖြတ်ခြင်းကို
ခံခဲ့ရလေသည်။
မသဲသဲသော်အား ၂၈-၄-၂၀၁၃ ရက်နေ့ (တနင်္ဂနွေနေ့)၊ ညနေ
(၅)နာရီတွင် စပန်ခွိုင်ရပ်ကွက်၊ ၀ပ်ဖိုင်တန်ဘုန်းကြီးကျောင်း၌
သင်္ဂြုလ်မည်ဖြစ်ကြောင်း သိရှိရသည်။
------------------------------------------------------------------------------------------------------------------
မသဲသဲသော်၏ အမေပျောက်ရှာပုံတော်နှင့်ပတ်သက်၍ Tanintharyi Thar အနေဖြင့် ဖေါ်ပြခဲ့သည်များကို ပြန်လည်ဖတ်ရှုလိုပါက-
https://www.facebook.com/photo.php?fbid=325928430870067&set=a.210208745775370.45772.100003587380231&type=1&relevant_count=1&ref=nf
April 10-2013, 1:49 am တွင် ဖေါ်ပြခဲ့သည်မှာ-
မြိတ်မြို့၊ အလယ်ကျွန်းရပ်၊ “ပုလဲသီတာ” ဆေးခန်းတွင် မွေးဖွားခဲ့သော
(အမေပျောက်ရှာပုံတော်)
================================
လွန်ခဲ့သော အနှစ် (၂၀)ကျော်ခန့်၊ မြိတ်မြို့၊ အလယ်ကျွန်းရပ်၊
“ပုလဲသီတာ”ဆေးခန်းတွင် ဒေါက်တာ ခင်မီမီဟန်မှ မွေးဖွားပေးခဲ့ပြီး ၂
ရက်သမီးအရွယ်တွင် မွေးမိခင်မှ ဒေါ်ညွှန့်သန်း
ဆိုသည့် တရုတ်မကြီးလက်ထဲသို့ အပ်ခဲ့ရာ ဒေါ်ညွန့်သန်းမှတဆင့် မွေးစားမိဘများလက်ထဲ
သို့ ပြန်လည်အပ်နှံခဲ့ပါသည်။ ယခုအခါ မွေးစားမိဘများ ဆုံးပါးသွားပြီးဖြစ်သောကြောင့်
ဘန်ကောက်တွင် အလုပ်လုပ်ရင်း မွေးမိခင်ကို ရှာဖွေနေပါသည်။
ဆက်သွယ်ရမည့်ဖုန်းနံပါတ်မှာ 090-071-4753 ဖြစ်ပြီး
facebook လိပ်စာမှာ https://www.facebook.com/sky.queen.90475 ဖြစ်ပါသည်။
အမေပျောက်ရှာပုံတော်ဖွင့်ပြီး အမေ့မတ္တာကိုစောင့်မျှော်နေတဲ့
https://www.facebook.com/sky.queen.90475
ကို ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
မြိတ်မြို့၌မွေးဖွားပြီး အမေပျောက်ရှာပုံတော်ဖွင့်ခဲ့တဲ့ မသဲသဲသော် facebook ပေါ်ကလူကို ယုံကြည်မိ၍ အသတ်ခံရခြင်း
Reviewed by
သတင်းစုံပျော်ဝင်အိုးကြီး
on
April 27, 2013
Rating:
5
No comments:
Post a Comment