Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 27, 2013

မြန်မာကားဆရာနှင့် အယူစွဲ - ၁ (ဖြစ်ရပ်မှန်)

 
 Saturday, April 27, 2

မြန်မာပြည်မှာ ကားသမားတွေကြားမှာ အဆူအစွဲပေါင်း များစွာ ရှိပါတယ်။ ယင်းထဲမှာမှ ပထမဆုံး ပြောပြချင်တဲ့ အကြောင်းအရာက ခရီး အချိန်မေးတဲ့ ကိစ္စပါ။

စာရေးသူ ဘုကလန့်လူစားမျိုး။ ဘယ်သူဘာပြောပြော မယုံတတ်ဘူး။ ခရီးတစ်ခုသွားရင် သူများတွေက ပြောတယ်။ "ခရီးသွားရင် ဘယ်အချိန် ဘယ်နေရာရောက်မယ်ဆိုတာကို လုံးဝမမေးရဘူး" လို့ ဆိုပါတယ်။

ဥပမာ - ပဲခူးကို ဘယ်အချိန်ရောက်မလဲလို့ ကားဆရာကိုလှမ်းမေး တာမျိုး၊ စပယ်ယာကိုလှမ်းမေးတာမျိုး၊ ဒရိုင်ဘာကို လှမ်းမေး တာမျိုးတို့ မလုပ်ကောင်းဘူးတဲ့လေ။ တစ်နေ့တော့ဗျာ ။ ကိုယ်က လည်း သိပ်ပြီး ဂရုစိုက်တတ်တဲ့သူ မဟုတ်ဘူး။

ရန်ကုန် အောင်မင်္ဂလာအဝေးပြေးဂိတ်ကနေ တာမွေသွားဖို့ တက္ကဆီ တစ်စီး ငှားမိတယ်။ (ဒါတောင် ဟိုင်းဝေးမဟုတ်သေးဘူးနော၊မြို့ တွင်းပဲ)။ တက္ကဆီပေါ်မှာလိုက်စီးနေတုန်း နောက်မိနစ် ၂၀ ဆိုရင် တာမွေ ရောက်တယ်မလားလို့ သွားမေးလိုက်မိတယ်။

မကြာပါဘူးဗျာ မေးပြီး ၁၀ မိနစ်လည်းကျရော ကားက ပျက်ပါလေရော။ အစက ကားဆရာ သမင်သက်သက်လုပ်သလား ထင်လို့ သူပျက်ပါတယ်လို့ပြောတဲ့ နေရာကို ကြည့်လိုက်တယ်။ ဟုတ်တယ်ဗျ။ ကာဗရိုက်တာ ဘာဖြစ်တယ်ဆိုလား။ မယုံလို့ သူစက်နှိုးတာ သေချာထိုင်စောင့်ကြည်မိတာ တော်တော်နဲ့ တက်မလာဘူး။ ကားကလည်း အကောင်းကြီး။

ဒီတော့ တက္ကဆီ နောက်တစ်စီးငှားပြီး ခရီးဆက်လိုက်ရမယ်။ အတူပါလာတဲ့ သူငယ်ချင်းကတော့ ပြောပါတယ်။ "မင်းကိုငါ မပြောဘူးလား။ ကားသမားတွေကို အချိန်သွားမမေးမိစေနဲ့လို့"


အင်း ဟုတ်တယ်ဗျ။ အဝေးပြေးကားတွေမှာဆိုရင် စာတောင် ကပ်ထား သေးသဗျ။

ခရီးရောက်မည့်အချိန်မေးခြင်းသီးခံပါ။ ရောက်မည့် အချိန်မမေးပါနှင့် ဆိုတာမျိုးတွေ ကပ်ထားတာ မြင်ရတယ်ဗျ။

ဘာကြောင့်လဲ..
ဘာကြောင့်လဲ..

ကျနော်က ဗုဒ္ဓဘာသာ စစ်စစ်၊ နတ်ကိုးကွယ်သူလည်း မဟုတ်ဘူး။ Super Natural ဆိုတာ ရှိတယ်ဆိုတာကို လက်ခံပေမယ့် ဒီလို တပ်အပ် ကြုံရမယ်လို့ ထင်မထားဘူး။ ဒီလိုပဲ သမိုင်းထဲမှာ ကားအချိန် မေးလို့ ဖြစ်ခဲ့တဲ့ အက်ဆီးဒန့်တွေ၊ ကားတိုက်မှုတွေ၊ လူသေမှုတွေ အများကြီးတဲ့လေ။

ကဲ စာဖတ်သူတို့ကော် ဘယ်လိုမြင်လဲ။ အချိန်မေးခြင်းနဲ့ ကားဆရာ ကြား အယူသီးမှုအပေါ် ထင်မြင်ချက်လေး။ သို့တည်းမဟုတ် အချက်အလက် တိတိကျကျ သိတယ်ဆိုရင် မျှဝေပါအုံး။

စေတနာပေါင်းများစွာဖြင့်

အောင်ခမ်း (ColayOnline)

No comments:

Post a Comment