Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 29, 2013

ရည်းစားစာ (၃)



ကြယ်တွေကို မဆွတ်နိုင်ဘူး
ကောင်းကင်ကို ထမ်းမတင်နိုင်ဘူး
ယုံ … ပါ ။

အလိုလို ရွေ့လျားသွားတဲ့ အသွားတွေမှာ
လူဟာ လူလိုပဲ တိမ်းမူး
ရှိလား မရှိလား မသိတဲ့ အပြန်မှာ
ရင်ခုန်စွာ အရူးရင့်ခဲ့ပေါ့ ။

မြန်ချင်မြန် နှေးချင်နှေး
သံသရာ တစ်ပြေးမှာ ထိရှ ခွင့်ကိုမျှော်
ငါ့ ဂီတနဲ့ ငါ ပျော်ခဲ့ရ ။

သစ်သစ် ဟောင်းဟောင်း
လိုချင်သူအတွက် အကောင်း
အဲသလို အကျိုးအကြောင်းတွေ အတွက်
မွှေးလိုက်တဲ့ မီးပါ
………………..
…………………
ငါ့ နှလုံးသားတစ်ပြ သာသာမှာ
နင့် လည်တိုင်လေး တစ်ပြန်စာ ။

အိုင်လွယ်ပန်

No comments:

Post a Comment